ချမ်းအေးသာစံမြို့နယ် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်းရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချမ်းအေးသာစံမြို့နယ် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်းရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ




အေးသာစံ  ၊ ဇွန် ၁၃


မန္တလေးတိုင်းဒေသကြီး၊  ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်းရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်ချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အားသစ်မာန်ကုမ္ပဏီ၊ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှစုပေါင်းသွေးလှူဒါန်းခဲ့ရာ အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲကို တာဝန်ခံ ဦးကောင်းမြတ်သူနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ပါမောက္ခဒေါက်တာများ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း ၈၅ ဦးခန့် တက်ရောက်ခဲ့ကြသည်။

ထို့နောက် သွေးလှူဘဏ်တာဝန်ခံရောဂါဗေဒဆရာဝန်ကြီး ပါမောက္ခဒေါက်တာ နီလာဝင်း၊ အထူးကုဆရာဝန် ဒေါက်တာစုလှိုင်ဦးတို့နှင့် ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူရှင် ၄၅ ဦးအား လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်၍ သွေးဖောက်လက်ခံရယူကာ သွေးလှူရှင်များကို အားဆေး၊ အာဟာရဖြည့်စွက်စာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ချမ်းမြေ့မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)