ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စုတွင် ဧရာမင်း မျိုးစပါးအား Drum Seeder ဖြင့် ၅ ဧက စိုက်ပျိုးနေမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စုတွင် ဧရာမင်း မျိုးစပါးအား Drum Seeder ဖြင့် ၅ ဧက စိုက်ပျိုးနေမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု





ကြံခင်း၊ ဇွန်   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စု၊ ကလို့ကွင်း အနောက်ကျေးရွာ တောင်သူ ဦးသန့်ဇင်၏ လယ်မြေတွင် ယနေ့ နံနက်ပိုင်းက ဧရာမင်းမျိုးစပါးအား Drum Seeder ဖြင့် ၅ ဧက စိုက်ပျိုးနေမှုကို မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးကြသည်။

မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အနေဖြင့် တောင်သူများ မိုးစပါး တစ်ဧက တင်း ၁၀၀ နှုန်း အထွက်တိုးစေရေး၊ ကြဲခင်းစနစ် လျော့နည်း ပပျောက်စေရေး၊ မျိုးစပါးများ ေလလွင့်မှုမရှိစေရေး၊ ခတ်မီနည်းပညာများဖြင့် တိုးမြင့် သုံးစွဲတတ်လာ​စေရန် ရည်ရွယ်ကာ  Drum Seeder ဖြင့်  ကွင်းအမှတ် ၅၈ - ခ ၊ ဦးပိုင်အမှတ် ၁၁၊ ေတာင်သူ ဦးသန့်ဇင်၏ လယ်မြေတွင် ဧရာမင်း မိုးစပါးစိုက်ပျိုးကွင်း သရုပ်ပြခြင်းကို မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာနှင့် ဝန်ထမ်းများ၊ အုပ်ချုပ်​​ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)