ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ သိပ္ပံနှင့် နည်းပညာဖလှယ်ရေး ကွန်ဖရင့်သို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ သိပ္ပံနှင့် နည်းပညာဖလှယ်ရေး ကွန်ဖရင့်သို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်




ချန်ဒူး၊ ဇွန် ၁၃

ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့၌ ၁၀-၆-၂၀၂၅ ရက်မှ ၁၂-၆-၂၀၂၅ ရက်အထိ ကျင်းပသည့် ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ သိပ္ပံနှင့် နည်းပညာဖလှယ်ရေးကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားနှင့် ဆက်စပ်ဖိုရမ်များသို့ မြန်မာနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်ခဲ့သည်။

၁၁-၆-၂၀၂၅ ရက်တွင် ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ သိပ္ပံနှင့် နည်းပညာဖလှယ်ရေး ကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ တရုတ်နိုင်ငံဘက်မှ CPC ဗဟိုကော်မတီ၊ နိုင်ငံရေးဗျုရို အမြဲတမ်းအဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ်ဖြစ်သူ H.E. Ding Xuexiang ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး H.E. Yin Hejun၊ စီချွမ်းပြည်နယ် CPC ပါတီ အတွင်းရေးမှူးနှင့် စီချွမ်းပြည်နယ် ပြည်သူ့ကွန်ကရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr. Wang Xiaohui နှင့် စီချွမ်းပြည်နယ်နှင့် ချုံချင့်မြူနီစီပယ် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး၊ အီရန်နိုင်ငံ ဒုတိယသမ္မတ H.E Hossein Afshin၊ ဥစဘတ်ကစ္စတန်နိုင်ငံ ပထမဆုံး ဒုတိယဝန်ကြီးချုပ် H.E. Ramatov Achibay၊ ဆာဘီးယားနိုင်ငံ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ H.E. Marina Ragus ၊ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် နိုင်ငံပေါင်း (၄၀)ကျော်တို့မှ ကိုယ်စားလှယ်များ၊ ပေကျင်းမြို့၊ ကွမ်းကျိုးမြို့၊ ချန်ဒူးမြို့နှင့် ချုံချင့်မြို့တို့ရှိ နိုင်ငံခြားသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

၁၂-၆-၂၀၂၅ ရက်တွင် မြန်မာကောင်စစ်ဝန်ချုပ်သည် Presidents Roundtable Forum of University Network for Research Collaboration(iUNRC) ဖိုရမ်သို့ တက်ရောက်ခဲ့ရာ အဆိုပါဖိုရမ်သို့ တရုတ်နိုင်ငံ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Lin Xin၊ တန်ဇန်းနီးယားနိုင်ငံ ပညာရေး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး H.E Adolf F.Mkenda ၊ ချုံချင့်မြူနီစီပယ်အစိုးရ ဒုတိယမြို့တော်ဝန် Ma Zhen၊ စီချွမ်းပြည်နယ် CPC ကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင် Mr. Zheng Li၊ မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသန္တာအောင်၊ ချုံချင့်တက္ကသိုလ်၊ စီချွမ်းတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ အီသီယိုးပီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဥစဘတ်ကစ္စတန်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ မွန်တီနီဂရိုးနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ မလေးရှားနိုင်ငံများရှိ တက္ကသိုလ်အသီးသီးတို့မှ ပါမောက္ခများက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းဆိုင်ရာ သိပ္ပံနှင့် နည်းပညာဖလှယ်ရေး ကွန်ဖရင့်ကို “Jointly building the road of innovation, promoting cooperation and development- working together to build the Belt and Road Science and Technology innovation community” ဆောင်ပုဒ်နှင့်အညီ ကျင်းပခြင်းဖြစ်ပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးအဆင့် အစည်းအဝေးများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ သိပ္ပံနှင့် နည်းပညာပူးပေါင်းလှုပ်ရှားမှုများ ဆောင်ရွက်သွားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)