ညောင်ရွှေမြို့၌ ခရိုင်အဆင့် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့၌ ခရိုင်အဆင့် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ဖွင့်လှစ်




ညောင်ရွှေ  ၊ ဇွန် ၃၀


ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပိုမိုမြန်ဆန်ထိရောက်စွာဆောင်ရွက်နိုင်ရန်၊ တပ်ဖွဲ့ဝင်များ စက်လှေကိုကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ထိခိုက်ပျက်စီးမှုကိုလျော့ချနိုင်စေရန်အတွက် ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနကဖွင့်လှစ်သည့် ခရိုင်အဆင့်စက်လှေကိုင်တွယ်မောင်းနှင် ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးက အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံသည် သဘာဝဘေးများရင်ဆိုင်ကြုံတွေ့မှုများသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရသည့်အခါ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် မရှိမဖြစ်အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ပြီးခဲ့သည့် မန္တလေးငလျင်ဒဏ်သင့် အင်းလေးဒေသအတွင်း ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ပေးခဲ့သည်ကို တွေ့မြင်ကြရမှာဖြစ်ပြီး များစွာကျေးဇူတင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းသည် နိုင်ငံတော်နှင့် ဒေသအတွက်သာမက မိမိတို့တပ်ဖွဲ့ဝင်များအတွက်ပါ အကျိုးရှိသည့်သင်တန်းဖြစ်သည်နှင့်အညီ သင်တန်းသားများအနေဖြင့် အောင်မြင်ပြီးမြောက်သည်အထိ တက်ရောက်ကြစေလိုကြောင်းဖြင့် ထည့်သွင်းပြောကြားသွားသည်။

ထို့နောက် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ အရာရှိကြီးများနှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဖွင့်ပွဲအပြီးတွင် သင်တန်းကိုစတင်ပို့ချလျက်ရှိပြီး အဆိုပါသင်တန်းအား ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်လ(၁၁)ရက်နေ့အထိ စာတွေ့/လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား (၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)