ထားဝယ် ၊ ဇွန် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား AI နည်းပညာကို စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုခြင်း ပညာပေးသင်တန်း အခမ်း အနားကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးသန္တာစိုးကက AI နည်းပညာ (ဉာဏ်ရည်တု)ဖြင့် တောင်သူများ သိလိုသော စိုက်ပျိုးရေးနည်းပညာရပ်များ၊ စိုက်ခင်းများတွင် ကျရောက်သော ရောဂါ၊ ပိုး စသည် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ နှိမ်နင်းနည်းများ၊ ဓါတ်မြေဩဇာ အကြောင်းအရာများ၊ ရွက်ဖျန်းအားဆေး အသုံးပြုပုံများ၊ မိုးလေဝသအကြောင်းများ၊ နည်းပညာပေါင်းစုံ စသည့် အကြောင်းအရာများကို AI နည်းပညာမှတဆင့် ရှာဖွေနိုင်ကြောင်း အသိပညာ ပေး ပြောကြားသည်။
ထို့နောက် ထားဝယ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းက တောင်သူများ AI နည်းပညာအသုံးပြုမှု များလာစေပြီး စိုက်ပျိုးရေး ဗဟုသုတများ ပိုမိုရရှိလာစေရန် ရည်ရွယ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများက AI-application ထည့်သွင်းနည်း၊ လက်တွေ့အသုံးပြုနည်းများကို အသေးစိတ် ရှင်းလင်းပြုလုပ်ပြသကာ တောင်သူတစ်ဦးချင်းအလိုက် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ငွေဇင်ယော်(ထားဝယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment