ကလောမြို့နယ်၌ ပထမအကြိမ် ဓနုတိုင်းရင်းသား လူငယ်ရေးရာဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ ပထမအကြိမ် ဓနုတိုင်းရင်းသား လူငယ်ရေးရာဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ




ကလော  ဇန် ၃၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပထမအကြိမ် ဓနုတိုင်းရင်းသားလူငယ်ရေးရာ ဖလားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကမ္ဘားနီကျေးရွာအားကစားကွင်း၌ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များ၊ ဓနုတိုင်းရင်းသားအဖွဲ့ချုပ် ဗဟိုနာယကနှင့်အဖွဲ့ဝင်များ၊ ဓနုတိုင်းရင်းသားအားကစားသမားများနှင့် ဓနုမောင်၊ မယ်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့တက်‌ရောက်လာကြသူများက နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြသည်။ ထို့‌နောက် ဓနုတိုင်းရင်းသားအဖွဲ့ချုပ် ဗဟိုနာယက ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသင်းအုပ်ချုပ်သူ၊နည်းပြနှင့် ကစားသမားများအားတက်ရောက်လာသည့် အားကစားကော်မတီဝင်များနှင့် ဧည့်သည်တော်များမှ လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ကမ္ဘားနီ‌ကျေးရွာ ဓနုတိုင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အကတို့ဖြင့်ဖျော်ဖြေခဲ့ကျရာ ကပြဖျော်ဖြေခဲ့သည့်အဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ပြီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်‌ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က ပြိုင်ပွဲအတွက်အားကစားဘောလုံးများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ကမ္ဘားနီ(က)အသင်းနှင့်လွယ်မောအသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြရာ ပွဲချိန်အပြီးတွင် တစ်ဘက်တစ်ဂိုးစီ သရေရလာဒ်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ကလောမြို့နယ်ရှိ ဓနုတိုင်းရင်းသားပြိုင်ပွဲဝင်(၂၄)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ပထမဆု ငွေကျပ် သိန်း(၅၀)၊ ဒုတိယဆု သိန်း(၃၀)၊ တတိယဆု သိန်း(၂၀)နှင့် တစ်ဦးချင်း ဆုတံဆိပ်များချီးမြှင့်သွားမည်ဖြစ်‌ကြောင်း သိရှိရသည်။


ကျော်ဝင်း(ကလော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)