ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ သစ်ပင်စိုက်ပျိုး​ရေးဆိုင်ရာအသိပညာ​ပေး​ဟော​ပြောပွဲနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ သစ်ပင်စိုက်ပျိုး​ရေးဆိုင်ရာအသိပညာ​ပေး​ဟော​ပြောပွဲနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ




ရန်ကုန်၊ ဇွန် ၂၈

ရန်ကုန်တိုင်းလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မူဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ၏ သံယံဇာတသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တို့ပူးပေါင်းကျင်းပသော သစ်ပင်စိုက်ပျိုး​ရေးဆိုင်ရာအသိပညာ​ပေးဟော​ပြောပွဲနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ​ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊​ ရွှေပြည်သာမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ နီနီခင်နှင့် သံယံဇာတသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ (SEANRC)ဥက္ကဋ္ဌ ဒေါရူပါ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ လူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများက ကျောင်းဝင်းအတွင်းရှိ ဒီပဆောင်တွင် စိန်ပန်းပင်၊ ပိတောက်ပင်၊ အာဆီယံသပြေပင်နှင့် ပျဥ်းမပင် အစရှိသည့် သစ်ပင်များကို စိုက်ပျိုးပေးခဲ့ကြသည်။

ဆက်လက်၍ သစ်ပင်စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပရာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီခင်မှ အဖွင့်စကားပြောကြားသည်။ ယင်းနောက် သံယံဇာတသုံးစွဲရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ (SEANRC)ဥက္ကဋ္ဌ ဒေါရူပါက "မေတ္တာတရားတွေ ရှင်သန်ဖို့ စိမ်းလန်းခြင်းကိုဦးတည်စို့"ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)