မဟာဝိသုဒ္ဓါရုံတိုက်သစ် အောင်မြေသာစည်အလယ်တိုက်ကြီး ပြုပြင်မွမ်းမံတည်ဆောက်နိုင်ရန် အလှူငွေလှူဒါန်းပွဲနှင့် ဘိလပ်မြေအိတ်(၁၀၀)လှူဒါန်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာဝိသုဒ္ဓါရုံတိုက်သစ် အောင်မြေသာစည်အလယ်တိုက်ကြီး ပြုပြင်မွမ်းမံတည်ဆောက်နိုင်ရန် အလှူငွေလှူဒါန်းပွဲနှင့် ဘိလပ်မြေအိတ်(၁၀၀)လှူဒါန်းပွဲ အခမ်းအနားကျင်းပ


ချမ်းအေးသာစံ၊ ဇွန် ၂၈

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိ အောင်မြေသာစည်အလယ်တိုက်ကြီးအားပြန်လည်ပြုပြင် မွမ်းမံနိုင်ရန်အတွက် အလှူငွေများလှူဒါန်းပွဲနှင့် ဘိလပ်မြေအိတ်(၁၀၀)လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ(၂၇)ရက်နေ့နံနက်ပိုင်းက မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိ အောင်မြေသာစည် ထေရာသနတိုက်ကျောင်းတွင်ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယမဟာဝိသုဒ္ဓါရုံတိုက်သစ်မဟာနာယက၊ မင်္ဂလာသီရိအုဋ် ကျောင်းဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တစန္ဒောဘာသာဘိဝံသ၊ အဝေရာရာမ ရန်ကင်း ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဩဒါတာသိရီဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူပြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြည်ညိုကြပြီး နမေ ာတဿ(၃)ကြိမ် ရွတ်ဆိုကာအခမ်းအနားကို  ဖွင့်လှစ်၍အစီအစဉ်အတိုင်းဆက်လက် ကျင်းပခဲ့သည်။

ဆက်လက်၍ မဟာဝိသုဒ္ဓါရုံတိုက်သစ် အောင်မြေသာစည်အလယ်တိုက်ကြီးပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်နိုင်ရန်အတွက် ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိသောဠသမရွှေကျင် သာသနာပိုင်သီတဂူဆရာတော်ဘုရားကြီးမှ လှူဒါန်းသည့် အလှူတော်ငွေကျပ်(၁၀၀၀)သိန်း၊ အဝေရာရာမ ရန်ကင်းဆရာတော်ကြီးနှင့် တပည့်သံဃာ တော်များမှလှူဒါန်းသည့် အလှူတော်ငွေကျပ်(၃၀၀)သိန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုမြို့ သန္တမေဒနီကျောင်းဆရာတော်မှလှူဒါန်းသည့် အလှူတော်ငွေကျပ်(၃၀)သိန်းတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လက်ခံ၍အနုမောဒနာ ဂုဏ်ပြုလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ရေး လုပ်ငန်းတွင်အသုံးပြုနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် ဘိလပ်မြေအိတ် (၁၀၀) လုံးအား တာဝန်ရှိသူများထံလှူဒါန်းပေးအပ်ပြီးနောက် ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ နှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် သာဓု အနုမောဒနာနှင့်  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြကြောင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)