ချောက်မြို့ အ.ထ.က(၁)ကျောင်း၌ ကျောင်းအခြေပြု သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့ အ.ထ.က(၁)ကျောင်း၌ ကျောင်းအခြေပြု သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပ




ချောက် ၊ ဇွန် ၂၃


မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများအား ကျောင်းအခြေပြုသဘာဝဘေးအသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်၉နာရီအချိန်က အ.ထ.က(၁)ကျောင်း မြရိပ်ညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်ပညာရေးမှူးဦးသန်းမြိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးစောမြဖောင်းက ကျောင်းတွင်းသဘာဝဘေးလျော့ချနိုင်ရန် ဘေးအန္တရာယ်ကင်း ရှင်းရေးအစီအမံများနှင့်ကျောင်းဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းခြင်း၊ သဘာဝဘေးဖြစ်ပေါ်လျှင် အချိန်မီဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် ဆောင်ရန်၊ရှောင်ရန်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဦးစီးအရာရှိဒေါ်သိမ့်ဝါက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက စားသုံးရန်မသင့်သောအစားအစားများ အကြောင်းနှင့် အာဟာရပြည့်ဝပြီးကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကိုသာ ရောင်းချရေးကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သူသူအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်စေရန် အမှိုက်အမျိုးအစားစနစ်တကျခွဲခြားခြင်းစွန်ပစ်‌ရေးနှင့် အမှိုက်ပုံးအရောင်သတ်မှတ်ခြင်းတို့ကိုလည်းကောင်း အသီး သီးရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ချောက်မြို့နယ်အတွင်းရှိဆရာ၊‌ဆရာမစုစုပေါင်း ၁၈၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


ကျော်မိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)