တမူး ၊ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က မြို့မကျောင်းတိုက်ရှိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးနှင့် ရပ်ကွက်များမှ စာရင်းသွင်းထားသူ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့ရှိ ရဟန်း၊သာမဏေ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်(၃၅)ပါးရှိသည့်အနက် ဖြေဆိုသူ (၂၃)ပါးရှိကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းတိုက်အသီးသီးတို့မှ ဆရာတော်ကြီးများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သာသနာရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရတနာ
https://t.me/MyanmarNationalPost

No comments:
Post a Comment