ကူမင်း၊ ဇွန် ၁၁
မြန်မာကောင်စစ်ဝန်ချုပ်ရုံးကူမင်းမြို့နှင့် မြန်မာနိုင်ငံသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တို့ ပူးပေါင်းပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အက ဖြစ်သည့် နှစ်ပါးသွားအကနှင့် ရုပ်သေးနှစ်ပါးသွားအကများဖြင့် မိတ်ဆက်ခြင်းနှင့် ရုပ်သေးပညာနှင့်ပတ်သက်သည့် နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ယူနန်တိုင်းရင်းသားတက္ကသိုလ်၊ နိုင်ငံခြားဘာသာနှင့် တောင်နှင့်အရှေ့တောင်အာရှကောလိပ် တို့တွင် ၁၀-၆-၂၀၂၅ ရက်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်၊ ဦးသွင်ထက်လင်း၊ ယူနန်တိုင်းရင်း သားတက္ကသိုလ် ဒုတိယပါမောက္ခချုပ် မစ္စတာ ရှောင်ဝေချင့်နှင့် ပါမောက္ခ၊ ဌာနမှူး ဆရာဆရာမများ၊ မဟာဝိဇ္ဇာတန်း၊ ဝိဇ္ဇာဘွဲ့ကြိုတန်းနှင့် ဒီပလိုမာတန်းအသီးသီးမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
မိတ်ဆက်ပွဲအခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာရုပ်သေးသမိုင်းဖြစ်စဉ်၊ မြန်မာတို့၏ရိုးရာယဉ်ကျေးမှုနှင့် စာပေတို့နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၏ သဘင်ပညာဌာနများမှ နည်းပြများဖြစ်ကြသော ဦးညီညီဇော်နှင့် ဒေါ်နန်းချယ်ရီအောင်တို့မှ မြန်မာ့နှစ်ပါးသွားအက၊ မြန်မာ့ရိုးရာရုပ်သေးနှစ်ပါးသွားအကများကို လက်တွေ့ကပြခဲ့ကြပြီး မြန်မာ့ရုပ်သေးပညာ အကြောင်းနှင့်ပတ်သက်၍ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများနှင့် အပြန် အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာကြသူများက မြန်မာ့ရုပ်သေးကြိုးဆွဲပညာကို လက်တွေ့လေ့လာခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment