အော်စလို၊ ဇွန် ၁၁
နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ အလုပ်သဘောခရီးရောက်ရှိနေသော အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် Dr. Kao Kim Hourn နှင့် အာဆီယံကော်မတီအော်စလို အဖွဲ့ဝင်များအကြား အစည်းအဝေးကို ၉-၆-၂၀၂၅ ရက်၊ တနင်္လာနေ့ (၁၇၁၅)နာရီတွင် အော်စလိုမြို့ရှိ အင်ဒိုနီးရှား သံအမတ်ကြီး၏နေအိမ်၌ ပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ အော်စလိုမြို့မှ သံအမတ်ကြီး ဦးမိုးကျော် အောင် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအတွင်း အာဆီယံ-နော်ဝေ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အထူးသဖြင့် အစိမ်းရောင်စွမ်းအင်နှင့် အပြာရောင်စီးပွားရေးကဏ္ဍတို့၌ တိုးမြှင့် ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ခြင်းဖလှယ် ဆွေးနွေး ခဲ့ကြပါသည်။ ထို့ပြင် အထွေထွေအတွင်းရေးမှူးချုပ်မှ အာဆီယံကော်မတီအော်စလိုအား ယခုနှစ် အာဆီယံ-နော်ဝေ Sectorial Dialogue Partnership ၁၀ နှစ်ပြည့်ဖြစ်သည့် ၂၀၂၅ ခုနှစ်တွင် နော်ဝေ၌ အာဆီယံ၏ အခန်းကဏ္ဍကို မြှင့်တင်ရေးအပေါ် တိုက်တွန်းပြောကြားခဲ့သည်။
အစည်းအဝေးပြီးနောက် ညစာစားပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်၊ အာဆီယံကော်မတီအော်စလို အဖွဲ့ဝင်များနှင့်အတူ နော်ဝေရှိ သံအမတ်ကြီး များ၊ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ Norwegian Institute for International Affairs (NUPI) မှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment