ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ



နေပြည်တော်၊ ဇွန် ၂၀ 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အတွင်းရှိ ဆွမ်းဦးပုညရှင်စေတီတော်နှင့် လေးကျွန်းမာရ်အောင်မြတ်စွာဘုရား တို့၌ ငလျင်အတွင်း ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက်အအုံများအား အဖွဲ့ အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူပေါင်း၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းပြီး စေတီတော်ရင်ပြင်တိုးချဲ့ရန် မြေသားခိုင်မာမှု စမ်းသပ်စစ်ဆေးခြင်းနှင့် စေတီတော်လုံး ပတ် ပြန်လည် ပြုပြင်မွမ်းမံ တည်ဆောက်နေမှု၊ စေတီတော်ပုရဝုဏ်အတွင်း သန့်ရှင်း သာယာလှပရေးနှင့် ဘက်စုံပြန်လည်ပြုပြင် တည်ဆောက်နေမှု၊ စစ်ကိုင်းမြို့အတွင်းရှိငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းတိုက်များ၊ သာသနာ့နွယ်ဝင်သီလရှင်စာသင် တိုက်များ၊ သာသနိကအဆောက်အုံများနှင့် နေအိမ်အဆောက်အုံများ၌ အပျက်အစီး များကို စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းမှုနှင့် ပြန်လည် တည်ဆောက်ရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြား ပြီး လုပ်ငန်းဆောင်ရွက်နေကြသူများအား အားဖြည့်အချိုရည်များ ပေးအပ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည်စစ်ကိုင်းမြို့အတွင်းရှိစစ်ကိုင်းပညာရေးကော်လိပ်သို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းဆောင်များကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက်၊ ရှမ်းစုဆီးဘန်နီတိုက်အတွင်းရှိ အလယ်တိုက်ကြီးအုတ် ကျောင်းနှင့် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်ရှိ သာသနာ့ ဇောတိကာရုံအုဋ်ကျောင်းတို့၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီး များကို တပ်မတော်သားများကလည်းကောင်း၊ စက်ယန္တရားကြီးများ အသုံးပြု၍ လည်းကောင်း အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုနှင့် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်နှင့် မြို့သစ်အမှတ်(၃) ရပ်ကွက်တို့ရှိ အန္တရာယ်ရှိနေအိမ် အဆောက် အအုံအပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှု တို့ကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)