ရွှေတောင်မြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ





ရွှေတောင်၊ ဇွန် ၁၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ​ ပြည် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော ရွှေတောင်မြို့၊ ကြာနီကန် ရပ်ကွက်၊ ရွှေကြာတင်‌ဘုန်းတော်ကြီးကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့ နံနက်(၉:၀၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်း​အောင်က  သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဒေါ်ဖြိုးဖြိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ရရှိလာမည့်အကျိုးကျေးဇူးများ အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြည်ခရိုင် အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်​ အေး​အေးသန့်မှ  သင်တန်းသူတစ်ဦးအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများ၊ သင်တန်းသူများနှင့်စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်(၁၀:၀၀)နာရီတွင် ရုတ်သိမ်းခဲ့သည်။ 

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ ​ရွှေ​တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဝန်ထမ်းများနှင့် နည်းပြဆရာများနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့်သင်တန်းသူ(၁၅)ဦးတို့ တက်ရောက်ကြပြီး သင်တန်းတွင် အမျိုးသမီးဝတ် အင်္ကျီအမျိုးမျိုး၊ ဂါဝန်၊ သုံးလွှာစကပ်၊ လေးလွှာစကပ်၊ ချိတ်စကပ် စသည်တို့ကို သင်တန်းကာလမှာ(၁၂.၆.၂၀၂၅ ရက်နေ့မှ ၁၁.၇.၂၀၂၅) ရက်နေ့အထိ (၁)လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး မွမ်းမံစက်ချုပ်သင်တန်းကိုလည်း (၁၈.၇.၂၀၂၅ ရက်နေ့မှ ၁.၈.၂၀၂၅) ရက်နေ့အထိ (၁၅) ရက်ကြာ ထပ်မံ သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်မည့်သူ (၅) ဦးအား ဌာနမှ တစ်ဦးလျှင် ငွေကျပ် (၁၄) သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)