ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့် (ဒုတိယ)ဆုရသော (အထက )ပေါင် ကျောင်းအားဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့် (ဒုတိယ)ဆုရသော (အထက )ပေါင် ကျောင်းအားဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်









ပေါင်၊ ဇွန် ၁၃

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့် (ဒုတိယ)ဆုရသော (အထက )ပေါင် ကျောင်းအားဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ( ၁၀ ) နာရီက  အထက ပေါင် ရွှေရတုခန်းမ၌ပြုခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ကျောင်းအကျိုးတော်ဆောင်များ၊ကျောင်းသားမိဘများ၊ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ (အထက) ပေါင်ကျောင်းသား၊ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် ယခုလို နိုင်ငံတော်အဆင့် အမျိုးသား ဒုတိယဆုရရှိသည့် အတွက် မြို့နယ်အတွက်ဂုဏ်ယူရသည့်အတွက် နောင်နှစ်တွေလည်း နိုင်ငံတော်အဆင့်ဆုရရှိနိုင်အောင် ကြိုးစားပေးကြဖို့ အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ‌ပူးတွဲမြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အေး က နိုင်ငံတော်အဆင့်ရရှိခဲ့သော (အထက)ပေါင် ကျောင်းအားဂုဏ်ပြုပါကြောင်း၊ယခုလိုဆုရရှိအောင်ကြိုးစားပေးကြသော(အထက)ပေါင် ကျောင်းအုပ်ကြီးနှင့်ကျောင်းအကျိုးတော်ဆောင်များ၊မိဘနှင့်ကျောင်းသား၊ကျောင်းသူများ၊ဆရာ၊ဆရာမ များတို့ကိုဂုဏ်ပြုပါကြောင်း ချီးမြှင့်စကားပြောကြားခဲ့သည်။

ထို့နောက် (အထက)ပေါင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလွင်ဦးနှင့် ကျောင်းအကျိုးတော်ဆောင် ဦးတင်ဦးတို့မှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင်နိုင်ငံတော်အဆင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်  အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့် (ဒုတိယ)ဆုရသော (အထက )ပေါင် ကျောင်းအုပ်ဆရာမကြီးအားတာဝန်ရှိသူများကဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)