လူ ၂၆၀ ကျော်သေတဲ့ အိန္ဒိယလေယာဉ်ပျက်ကျမှုမှာ လူတစ်ယောက် အသက်ရှင်လွတ်မြောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူ ၂၆၀ ကျော်သေတဲ့ အိန္ဒိယလေယာဉ်ပျက်ကျမှုမှာ လူတစ်ယောက် အသက်ရှင်လွတ်မြောက်




ဇွန် - ၁၃ ( သောကြာနေ့ ) 

အိန္ဒိယနိုင်ငံ အာမက်ဒါဘက်မြို့မှာ ကြာသပတေးနေ့က အဲယားအိန္ဒိယ လေယာဉ်ပျက်ကျမှုမှာ လူတစ်ဦး အသက်ရှင်ကျန်ရစ်ပြီး လူ ၂၆၀ ကျော် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ လေယာဉ်သည် လူနေထူထပ်သော နေရာတစ်ခုတွင် ပျက်ကျပြီး ဆေးကောလိပ်တစ်ခုအား တိုက်မိပြီးနောက် ခရီးသည် ၂၄၂ ဦးနှင့် လေကြောင်းလိုင်း၏ လေယာဉ်အမှုထမ်းများ သေဆုံးသွားခဲ့ကြပေမဲ့ လူတစ်ဦး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း The New York Times သတင်းတွင် ဖော်ပြထားပါတယ်။

ဆေးကောလိပ်ကို လေယာဉ်နဲ့ တိုက်မိလို့ ကျောင်းသား အများအပြား သေဆုံးခဲ့ပြီး သေဆုံးသူ ၂၇၀ နီးပါး ရှိခဲ့ပါတယ်။ လေယာဉ်ပျက်ကျရာနေရာအနီးရှိ ဆေးရုံတစ်ရုံတွင် ရုပ်အလောင်း ၂၆၉ လောင်းကို DNA စစ်ဆေးမှု ရယူခဲ့ပေမဲ့ သေဆုံးသူ အတိအကျကို ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။ 

အသက်ရှင်ကျန်ရစ်သူသည် ဗစ်ရှဝါရှ် ကူမား ရာမတ်ရှ် ဆိုသူဖြစ်ပြီး ဗြိတိန်နိုင်ငံသားလက်မှတ် ကိုင်ဆောင်သူ ဖြစ်ပါတယ်။ သူက လန်ဒန်ကိုသွားမယ့် အဲယားအိန္ဒိယ ဘိုးအင်း ၇၈၇ ကို စီးနင်းခဲ့ပြီး အဆင့်မြင့် ထိုင်ခုံ ၁၁ (က ) မှာ လိုက်ပါလာခဲ့ပါတယ်။ သူ့အစ်ကို နေရန်ကူမား ရာမက်ရှ် က သူ့ ညီက လေယာဉ်ပေါ်ကနေ ဘယ်လို လွတ်မြောက်ခဲ့တယ် ဆိုတာ မသိဘူးလို့ ဘီဘီစီကို ပြောပါတယ်။ "လေယာဉ်ပျံတက်ပြီး စက္ကန့်သုံးဆယ်အကြာမှာတော့ ကျယ်လောင်တဲ့အသံတစ်ခုထွက်ပေါ်လာပြီး လေယာဉ်ပျက်ကျခဲ့ပါတယ်။ အားလုံးက မြန်လိုက်တာ" လို့ ၎င်းက ပြောသွားပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)