ကမ္ဘာ့အအေးဒဏ်အခံနိုင်ဆုံး လူသားအဖြစ် စံချိန်တင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့အအေးဒဏ်အခံနိုင်ဆုံး လူသားအဖြစ် စံချိန်တင်



ဇွန် - ၁၀ ( အင်္ဂါနေ့ ) 

ဆွစ်ဇာလန်အမျိုးသားတစ်ဦးက ရေကူးဘောင်းဘီနဲ့ နှင်းတောထဲမှာ ၂ နာရီကျော်ကြာ နစ်မြုပ်ခံပြီး ၎င်း၏အအေးဒဏ်ခံနိုင်ရည်ကို စမ်းသပ်ခဲ့ကာ ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။ 

ပြိုင်ဆိုင်လိုတဲ့ စိတ်ဓာတ်စွမ်းအားမြှင့်သမား အဲလီယက်မီယာ က ဘယ်သူမှ မလုပ်နိုင်သေးတဲ့ နှင်းတွေနဲ့ တစ်ကိုယ်လုံး တိုက်ရိုက်ထိတွေ့မှုမှာ အချိန်အကြာဆုံး ဘွဲ့ကို ရယူဖို့  ၂ နာရီကြာနှင်းတောထဲမှာ နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။  

၂၀၂၂ ခုနှစ်က ပိုလန်နိုင်ငံသား ဗေလာဂျန် ရိုမန်ဗိုစကီ ရဲ့ စံချိန်က ၁ နာရီ ၄၅ မိနစ်နှင့် ၂ စက္ကန့်ဖြစ်ပါတယ်။ မေယာက ရေကူးဘောင်ဘီတိုနဲ့ နှင်းထုအောက်တွင် ၂ နာရီနှင့် ၇ စက္ကန့်ကြာ နေခဲ့ပါတယ် ။ အအေးဒဏ်က သူ့အပေါ် ဖိထားတဲ့ နှင်းထုရဲ့ အလေးချိန်ထက် ပိုနည်းတယ်လို့ သူက ပြောပါတယ်။ "နှင်းတွေ ထူထပ်စွာကျလာတာကြောင့် ကျွန်တော့်ပခုံးနဲ့ တံတောင်ဆစ်တွေကို နာကျင်စေခဲ့ပါတယ်။ နောက်ကျောကို စူးစူးရှရှ ရေခဲတုံးတစ်ခုကပ်ထားသလို ခံစားရပြီး အဲဒါကို တောင့်ခံနေခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျော်ဖြတ်နိုင်တာကို ကျေးဇူးတင်ပါတယ်" မေယာက သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ ရေးသားခဲ့ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)