လုပ်ကြံသတ်ဖြတ်မှုတွေက ကိုလံဘီယာနိုင်ငံကို နောက်ကြောင်း ပြန်လှည့်သွားစေတော့မှာလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုပ်ကြံသတ်ဖြတ်မှုတွေက ကိုလံဘီယာနိုင်ငံကို နောက်ကြောင်း ပြန်လှည့်သွားစေတော့မှာလား


ဇွန် - ၁၀ ( အင်္ဂါနေ့ ) 

အထက်လွှတ်တော်အမတ် သမ္မတလောင်း မီဂွယ်ယူရီဘီတာဘေး အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုသည် ကိုလံဘီယာကို တုန်လှုပ်စေခဲ့ပြီး နိုင်ငံကို ထိခိုက်စေခဲ့တဲ့ နိုင်ငံရေးအကြမ်းဖက်မှုဆိုင်ရာ နာကျင်စရာ အမှတ်တရများကို ပြန်လည်ရှင်သန်စေခဲ့ပါတယ်။ 

၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များက ကိုလံဘီယာနိုင်ငံရဲ့ သမိုင်းမှာ အကြမ်းဆုံးကာလများထဲမှ တစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနှင့် နိုင်ငံရေး ဖိနှိပ်မှုများကို ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒိအချိန်တုန်းက နိုင်ငံရေးသမား၊ ကိုယ်စားလှယ်လောင်းများနှင့် လူမှုရေးခေါင်းဆောင် ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရပါတယ်။ 

သောကြာနေ့က ဘိုဂိုတာမြို့ မဲဆွယ်စည်းရုံးရေးပွဲတစ်ခုအတွင်းမှာ အသက် ၁၅ နှစ်အရွယ် သေနတ်သမားက ယူရီဘီတာဘေး ကို သေနတ်နဲ့ ခြောက်ချက် ပစ်ခတ်ခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

နောက်ဆုံးရ သတင်းများအရ ယူရီဘီတာဘေး က ရှုပ်ထွေးသောခွဲစိတ်မှုမှ လွတ်မြောက်ခဲ့သော်လည်း စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေပါသေးတယ်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ၎င်းသည် ၂၀၂၆ ခုနှစ် မေလ သမ္မတရွေးကောက်ပွဲအတွက် တစ်ဦးတည်းသော လက်ယာယိမ်းသမ္မတလောင်းအဖြစ် ရွေးကောက်ပွဲများကို ဦးဆောင်နေပါတယ်။ 

သူက ယခင်သမ္မတ ဂျူလီယို ဆီးဇာ တာဘေး ရဲ့ မြေးဖြစ်ပြီး ကိုလံဘီယာဂျာနယ်လစ်နှင့် ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အမေ ဒိုင်ယာနာ တာဘေး ကို ၁၉၉၀ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် ပါဘလိုအက်စကိုဘာ ဦးဆောင်တဲ့ ဂိုဏ်းအဖွဲ့က ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ၁၉၉၁ ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ သူမကိုပြန်ပြီး ကယ်ဆယ်ဖို့လုပ်ရာမှာ အသတ်ခံလိုက်ရပါတယ်။ 

အခု ယူရီဘီတာဘေး ကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လက်ရှိသမ္မတ ဂတ်စတာဗို ပီထရို က “နိုင်ငံအတွက် ဝမ်းနည်းစရာနေ့” လို့ ခေါ်ဆိုခဲ့ပြီး ဖြစ်ပျက်ခဲ့တာတွေကို ဆုံးဖြတ်ပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ နဲ့ အပြည့်အစုံ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အမှန်တရားကော်မရှင်လို့ နာမည်ကြီးတဲ့ အမျိုးသား သမိုင်းမှတ်တမ်းဌာန မှ အစီရင်ခံစာများအရ ကိုလံဘီယာတွင် ၁၉၈၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း နိုင်ငံရေးနှင့် လူမှုရေးခေါင်းဆောင် ၅၀၀၀ မှ ၆၀၀၀ ကြား အသတ်ခံခဲ့ရကြောင်း ခန့်မှန်းထားပါတယ်။ ၎င်းတို့ထဲမှ အနည်းဆုံး ၅၀၀ က အစိုးရရုံးအတွက် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံရသူများဖြစ်ပါတယ်။ သမ္မတလောင်း လေးဦး လုပ်ကြံသတ်ဖြတ်ခံရပြီး နာမည်အကြီးဆုံးကတော့ ၁၉၈၇ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာ မျိုးချစ်သမဂ္ဂခေါင်းဆောင် ရှေ့နေ ဂျေမီပါဒိုလီအယ် လုပ်ကြံခံခဲ့ရတာပဲ ဖြစ်ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)