အီရန်က အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီရန်က အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်




ဇွန် - ၁၄ ( စနေနေ့ ) 

မနေ့က ညနေပိုင်းမှာ အီရန်က အစ္စရေးကို လက်တုံ့ပြန်တဲ့ စစ်ဆင်ရေး True Promise III ကို စလိုက်ပါတယ်။  အီရန်ကို တိုက်ခိုက်ရန်အတွက် လေယာဉ်များ ထားရှိတယ်လို့ ခန့်မှန်းရတဲ့ အစ္စရေးလေတပ်စခန်း ၃ ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး တိုက်ရိုက်ထိမှန်ခဲ့ကြောင်း အီရန်အကြီးတန်းတပ်မှူးတစ်ဦးက ပြောကြားခဲ့ပါတယ်။ 

သောကြာနေ့ညက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ စကားပြောရာမှာ အစ္စလမ္မစ်တော်လှန်ရေးအစောင့်တပ်ရဲ့ ထိပ်တန်းအကြံပေး ဗိုလ်မှူးချုပ် အာမက်ဒီ ဗာဟီဒီ က စစ်ဆင်ရေး True Promise III ဟာ အစ္စရေးတွေ သိမ်းပိုက်ထားတဲ့ နယ်မြေများအတွင်းက ပစ်မှတ်အများအပြားကို ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးအစိုးရ၏ ကွပ်ကဲမှုဗဟိုဌာနနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးစင်တာတို့တည်ရှိတဲ့ နီဗာတင်မ်၊ အိုဗဒါ  လေတပ်စခန်းများကို ပစ်မှတ်ထားခဲ့ပြီး အဲ့ဒိ စခန်းတွေကနေ အီရန်ကို ဗုံးကျဲဖို့အတွက် လေယာဉ်တွေကို လွှတ်တင်ခဲ့တာလို့ ဆိုပါတယ်။ 

အခြားနေရာများတွင် တဲလ်အဗစ်မြို့ အနီးရှိ တယ်နိုဖ် လေတပ်စခန်း၊ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တယ်လ်အဗစ် ရှိ စက်မှုနှင့် စစ်ဘက်ဆိုင်ရာ စင်တာများ ပါဝင်ကြောင်း ဗိုလ်ချုပ် ဗာဟီဒီ က ပြောကြားခဲ့ပါတယ်။ 

စစ်ဆင်ရေးစီစဉ်သူများက စုစုပေါင်းပစ်မှတ် ၁၅၀ ကျော်ကို ထိမှန်နိုင်စေရန်အတွက် အဆင့်ပေါင်းများကို ထည့်သွင်းစဉ်းစားခဲ့ကြောင်း၊ ရာနှင့်ချီသော ဒုံးကျည်များကို သောကြာနေ့ညနေပိုင်းတွင် အီရန်က ပစ်ခတ်ခဲ့ပြီး အစ္စရေး တို့ အမွှမ်းတင်ထားသော အလွှာပေါင်းစုံ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အောင်မြင်စွာ ချိုးဖောက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ 


REF: tasnim

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)