ဇွန် - ၁၄ ( စနေနေ့ )
တဲ့လ်အဗစ်မြို့က စစ်ရေးပြအခမ်းအနား ကိုလာရောက်လည်ပတ်သူ စစ်လင်းဂျန်နာ က သူမရဲ့ ခရီးစဉ်ကို အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုများကြောင့် ဖျက်သိမ်းပြီး အစ္စရေးက သူမရဲ့ ပရိသတ်တစ်ဦးနှင့်အတူ ဗုံးခိုကျင်းတစ်ခု၌ ဝိုင်သောက်ရင်း ဓာတ်ပုံရိုက်ခံခဲ့ပါတယ်။
စစ်လင်းဂျန်နာ သည် အစ္စရေးနဲ့အီရန် တင်းမာနေသော အခြေအနေများကြားတွင် သူမရဲ့ဘေးကင်းမှု ကို သူမရဲ့ ပရိသတ်တွေသိစေရန်အတွက် ဓာတ်ပုံရိုက်ပြီး အိတ်စ် မီဒီယာပေါ်ကို တင်လိုက်တာပဲ ဖြစ်ပါတယ်။ သူမက ဟိုတယ်ကနေ ကောင်းကင်ပေါ်က ဒုံးကျည်တွေနဲ့ မြေပြင်ကနေ ထွက်လာတဲ့ မီးခိုးလုံးတွေကို ပြသထားတဲ့ ဓာတ်ပုံတစ်ပုံကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ပြီး သူမရဲ့ ပတ်ဝန်းကျင်မှာ ပြင်းထန်တဲ့ အခြေအနေတွေကိုလည်း တစေ့တစောင်း မျှဝေခဲ့ပါတယ်။
ပုံရိပ်ကိုမျှဝေရင်း "တဲလ်အဗစ်မြို့ရဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ည" လို့ရေးခဲ့ပါတယ်။ ငါတို့အားလုံးအတွက် ဆုတောင်းပေးလိုက်ပါ။ ငါတို့အောင်မြင်ပါစေ၊ ဒီနေ့ အစ္စရေးနဲ့ အတူရပ်တည်ရတာကို ပျော်ရွှင်မိပါတယ်" လို့ ရေးသားခဲ့ပါတယ်။
နောက်ပိုင်းတွင် စစ်လင်းက ပြင်းထန်သောအခြေအနေကြားတွင် သူမခိုလှုံနေရကြောင်း ၎င်း၏ပရိသတ်တွေကို ဆက်ပြောပြခဲ့ပါတယ်။ "ကျနော်တို့ တဲလ်အဗစ်မြို့က အမိုးအကာတွေအောက်ကို ပြန်ရောက်နေပါပြီ။ ဒါဟာ အီရန်ရဲ့ တတိယမြောက် တိုက်ခိုက်မှုလှိုင်းပုံပါပဲ" လို့ရေးတင်ခဲ့ပါတယ်။ အစ္စရေးပရိသတ်တစ်ဦးနှင့်အတူ ဗုံးခိုကျင်းတစ်ခုမှာ ဝိုင်တစ်ခွက်သောက်ကာ ဓာတ်ပုံရိုက်တင်ခဲ့တာပါ။
REF: Hindustan times
https://t.me/MyanmarNationalPost
No comments:
Post a Comment