ဟံမြင့်မိုရ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း ၅၀၀ စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟံမြင့်မိုရ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း ၅၀၀ စိုက်ပျိုး




ကျောက်ဆည်  ၊ ဇွန်  ၃၀


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သစ်တောဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသတွင်းစိမ်းလန်းစိုပြည်စေရန်၊ ရာသီဥတုမျှတကောင်းမွန်စေရန်၊ အပူဒဏ်လျော့နည်း သက်သာစေရန်၊ သစ်ပင်များအားကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် သစ်ပင်၏တန်ဖိုးကိုသိရှိစေရန် ရည်ရွယ်၍ ၂၀၂၅ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့နံက်ပိုင်းက ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။


ဦးစွာ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးရဲဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် ခရိုင်သစ်တောဦးစီးမှူးတို့က ဟံမြင့်မိုရ် ကျောင်းအုပ် ဆရာမကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပျိုးပင်များပေးအပ်သည်။ ဆက်လက်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊  ကျောင်းသားကျောင်းသူများနှင့်ကျေးရွာနေပြည်သူများ ပူးပေါင်း၍  တမာ၊ စိန်ပန်း၊ ကုက္ကို၊ မယ်ဇလီ၊ မယ်ဇယ် စသည့် ပျိုးပင်ခြောက်မျိုး၊ ပျိုးပင်ပေါင်း ၅၀၀ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)