မြောက်ဥက္ကလာပ၊ ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရသော ဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေးကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ကေသီမိုးတို့ဦး ဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ ပူးပေါင်းကာ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချသောဆိုင်များတွင် "နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင် အခွန်ဆောင်ပါ" ဟူသောကြေညာချက်ဗီနိုင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ထပ်မံချိတ်ဆွဲခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment