ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ




ရန်ကုန်  ၊ ဇွန် ၆


မြန်မာနိုင်ငံကြက်ခြေနီအသင်း ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ “ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အဆုံးသတ်ကြစို့” “Ending Plastic Pollution”ခေါင်းစဉ်ဖြင့်ကျင်းပသော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပရာအသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ဒုတိယအထွေထွေ အတွင်းရေးမှူးများ၊ လက်ထောက် အထွေထွေ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လ ခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် မိတ်ဖက်အမျိုးသား ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အမှာစကားပြောကြားခဲ့ပြီး အလုပ်အမှု ဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးပေးခဲ့ပြီး အမှတ်တရလက်မှတ် ရေးထိုးခဲ့ကြသည်။

ဆက်လက်၍ Green Response Workshop ကို ပြုလုပ်ခဲ့ရာ အသင်းဌာနချုပ်မှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီးသဘာ၀ပတ်၀န်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေနိုင်ရန်နှင့် သဘာ၀ ပတ်ဝန်းကျင် မထိခိုက်စေဘဲ အကျိုးရှိစွာ ပြန်လည် အသုံးပြုနိုင်ရန်၊ နေ့စဉ်အသုံးပြုနေသော စွန့်ပစ်ပစ္စည်းများအားစနစ်တကျသီးခြားစီထားပြီးစွန့်ပစ်ခြင်း၊ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဆယ်တင် စွန့်ပစ်ပစ္စည်းများဖြင့် လက်မှုအသုံးအဆောင်များ ဖန်တီးခြင်း တို့ပြုလုပ်နိုင်ရန် ရည်ရွယ်ကာ အဆိုပါ Green Response Workshop ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)