ယူကေ ဂီတဖျော်ဖြေပွဲတစ်ခုမှာ အစ္စရေး ဆန့်ကျင်ရေး သံပြိုင်အော်ဟစ်သီဆိုခဲ့လို့ ရဲတွေက စုံစမ်းမှုတွေလုပ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကေ ဂီတဖျော်ဖြေပွဲတစ်ခုမှာ အစ္စရေး ဆန့်ကျင်ရေး သံပြိုင်အော်ဟစ်သီဆိုခဲ့လို့ ရဲတွေက စုံစမ်းမှုတွေလုပ်နေ


ဇွန် - ၂၉ ( တနင်္ဂနွေနေ့)

ဂလက်စတုန်း ဂီတပွဲတော်တွင် ဖျော်ဖြေသူများနှင့် ပရိသတ်များက အစ္စရေးဆန့်ကျင်ရေး ကြွေးကြော်သံများ ရွတ်ဆိုခဲ့ကြလို့ ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။ အစ္စရေးသံရုံးနှင့် ယူကေအစိုးရ တာဝန်ရှိသူများက အဆိုပါဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး အဲ့ဒိကိစ္စရဲ့နောက်ကွယ်မှာ တစ်စုံတစ်ရာကြိုးကိုင်မှုများ ရှိနေနိုင်ပြီး ရာဇ၀တ်မှုလည်းဖြစ်နိုင်တယ်လို့ ဆိုလိုက်ပါတယ်။ 

သောကြာနေ့ကလုပ်တဲ့ ဂီတဖျော်ဖြေပွဲမှာ ပန့်ခ်ရက်ပ်အဖွဲ့ ဘော့ဘ် ဗိုင်လန်ဝိုင်းမှ အဖွဲ့ဝင်တစ်ဦးက "IDF [အစ္စရေးကာကွယ်ရေးတပ်ဖွဲ့] သွားသေလိုက်" ဆိုပြီး စင်ပေါ်ကနေ အော်ဟစ်လိုက်တာကို ဘီဘီစီ သတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒိမှာ ဖျော်ဖြေပွဲအတွင်း အခြားပါလက်စတိုင်း လိုလားသူတွေက ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေထားတဲ့ ဗီဒီယိုတွေမှာတော့ လူအုပ်ကြီးထဲက အချို့သည် ပါလက်စတိုင်းအလံများကို ဝှေ့ယမ်းကာသံပြိုင်တေးတွေကို  ရွတ်ဆိုနေကြတာကို ပြသခဲ့ကြပါတယ်။ 

အာဗွန်နဲ့ ဆမ်းမားဆက် ရဲဌာနမှ အရာရှိများသည် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် လိုအပ်သည့် ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်း ရှိ မရှိ ဆုံးဖြတ်ရန် တာဝန်ရှိသူများက ဗီဒီယိုမှတ်တမ်းများကို ပြန်လည်သုံးသပ်နေကြောင်း အိတ်စ်မီဒီယာ ပို့စ်တစ်ခုတွင် ဖော်ပြထားပါတယ်။ 

လန်ဒန်ရှိ အစ္စရေးသံရုံးက “စင်ပေါ်မှာ အမုန်းပွားစေတဲ့ စကားလုံးတွေ ဖော်ပြမှုကြောင့် အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါတွေက လူမျိုးစု သုတ်သင်ရှင်းလင်းရေး လှုံ့ဆော်မှု” ပါပဲလို့ ဖော်ပြခဲ့ပါတယ်။

"IDF to Death to the Death" နှင့် 'မြစ်မှ ပင်လယ်ဆီသို့' ဟူသော ကြွေးကြော်သံများသည် အစ္စရေးနိုင်ငံကို ဖြိုခွင်းရန် ထောက်ခံအားပေးပြီး ဂျူးကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပပျောက်ရေး အတွက် လုံးလုံးလျားလျား တောင်းဆိုသည့် ကြွေးကြော်သံများဖြစ်သည်" လို့ အစ္စရေး သံရုံးက စနေနေ့တွင် ရေးသားခဲ့ပါတယ်။ 

အဆိုပါရွတ်ဆိုမှုအတွက် လူထုလက်ခုပ်သံများ “အစွန်းရောက်ဘာသာစကားကို ပုံမှန်ဖြစ်စေရန်နှင့် အကြမ်းဖက်မှုကို ဂုဏ်တင်ခြင်းနှင့်ပတ်သက်၍ အလေးအနက်စိုးရိမ်မှုဖြစ်စေတယ်”လို့လည်း  ထုတ်ပြန်ချက်တွင်သတိပေးထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)