ဇွန် - ၂၉ ( တနင်္ဂနွေနေ့ )
ကျောင်းသားများ ဦးဆောင်တဲ့ လူထုစုဝေးပွဲတွေက ရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့မှုများ အရှိန်မြင့်လာပြီးနောက် ဘဲလ်ဂရိတ် တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် ပြည်တွင်းစစ်ကို တောင်းဆိုနေလာကြပြီ လို့ ဆားဘီးယားပါလီမန်ဥက္ကဋ္ဌ အန်နာဘရာနာဘစ် ကပြောလာပါပြီ။
ပါလီမန်ကို ဖျက်သိမ်းရန်နဲ့ ရွေးကောက်ပွဲ အစောပိုင်းကာလတွင် တောင်းဆိုဆန္ဒပြသူများထံမှ ရာဇသံကို အာဏာပိုင်များက ပယ်ချပြီးနောက် စနေနေ့တွင် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဆန္ဒပြမှုက ဆားဘီးယားနိုင်ငံ၏ ၁၃၈၉ ခုနှစ် အော်တိုမန်အင်ပါယာကို ဆန့်ကျင်သည့် အမျိုးသားအားလပ်ရက်ဖြစ်တဲ့ ဗိုက်ဒေါ့်ဗ်ဒန် နေ့ နဲ့ တိုက်ဆိုင်နေပါတယ်။
၂၀၁၇ မှ ၂၀၂၄ အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဘရာနာဘစ် က အိတ်စ်ဆိုရှယ် မီဒီယာမှာ ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။ အဲ့ဒိဗီဒီယိုထဲမှာ ပွဲစီစဉ်သူတစ်ဦးက လူစုလူဝေးအား "လွတ်လပ်ခွင့်ကို သင့်လက်ထဲသို့ အပ်ပါတယ်" လို့ ပြောဟောစည်းရုံးနေတာကို မြင်တွေ့ရပါတယ်။ "သူတို့တွေက ဆန္ဒပြရုံနဲ့ မပြီးနိုင်တော့ဘူး ။ သူတို့တွေက ဆာဘီးယား အသက်ရှည်ပါစေလို့ အော်ဟစ် ဆုတောင်းနေပြီး ပြည်တွင်းစစ်ဖြစ်အောင်လှုံ့ဆော်နေပါတယ် ။ ပြည်တွင်းစစ်ကို ပွင့်ပွင့်လင်းလင်းကို တောင်းဆိုနေတာပါ ။အဲ့လိုဖြစ်အောင်ကိုလည်း ခရိုအေးရှားက ဆန္ဒပြသူတွေကို ကျောထောက်နောက်ခံပြုနေပါတယ်" လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
မနှစ်က နိုဝင်ဘာလတုန်းက နိုဗီဆက် မြို့ရှိ မီးရထားဘူတာရုံတစ်ခုတွင် ကွန်ကရစ်အကာအရံများ ပြိုကျမှုကြောင့် လူ ၁၆ ဦး သေဆုံးပြီးနောက် အစိုးရပိုင်းက တာဝန်ခံမှု နဲ့ တာဝန်ယူမှု ဆားဘီးယားတွင် ဆန္ဒပြပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ စနေနေ့က ဆန္ဒပြပွဲသည် ငြိမ်းချမ်းစွာ စတင်ခဲ့သော်လည်း ညနေပိုင်းတွင် ဆန္ဒပြသူအချို့က မြို့လယ်ပန်းခြံအနီး ရဲများကို ကြက်ဥများ၊ ပုလင်းများနှင့် အခြားအရာဝတ္ထုများ ပစ်ပေါက်လာတဲ့ အထိပြင်ထန်းလာခဲ့ပါတယ် ။ ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ငရုတ်ကောင်းမှုန့်သုံးခြင်းနဲ့ လုံထိန်းဒိုင်းများဖြင့်တွန်းကာ တုံ့ပြန်ခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီး အိုင်ဗီကာ ဒါစစ် က ရဲအရာရှိ ခြောက်ဦးနှင့် အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့ရလို့ ဆူပူသောင်းကျန်မှုပြုတဲ့ “လူယုတ်မာများ” အများအပြားကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment