ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အဆင့်နွေနှမ်း စံကွတ်ရိတ်သိမ်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အဆင့်နွေနှမ်း စံကွတ်ရိတ်သိမ်းပွဲ ပြုလုပ်



ဝမ်းတွင်း ၊  ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အဆင့် နွေနှမ်းစံကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ဘုရားဖြူကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် ဘုရားဖြူကျေးရွာအုပ်စုကွင်းအမှတ် (၁၂၅၉/၂၀၅၉)ဦးပိုင်အမှတ် (၁၅၅/၁) တောင်သူဦးပြား၏ နွေနှမ်းစိုက်ခင်းတွင် မြို့နယ်အဆင့်နွေနှမ်းစံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ရာ မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ မြို့နယ်မြေစာရင်းဦးစီး ဦးမြင့်ဆန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဒေါ်ရည်ရည်မွန်နှင့် ဘုရားဖြူကျေး ရွာအုပ်စုစိုက်ပျိုးညှိနှိုင်း အဖွဲဝင်များ၊ တောင်သူများနှင့် စိုက်ပျိုးရေးနှင့်မြေစာရင်းဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး (၀.၁၀)ဧကကို ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။ (၆.၆')(၆.၆')၊(၀.၀၀၁)ဧက ကိုယ်စားပြု စံကွက်ရိတ်သိမ်းရာ အထွက်နှုန်းမိတ်ဖက်များဖြစ်သော တစ်ဧက အပင်ဦးရေ (၁၀၅၀၀၀)၊ တစ်ပင်ပျမ်းမျှသီးတောင့်(၆၀)၊ တစ်တောင့်ပါ ပျမ်းမျှအစေ့(၅၂)စေ့၊ အစေ့တစ်ထောင် အလေးချိန်(၂.၈)ဂရမ်ရှိ၍ တစ်ဧကအထွက်နှုန်း(၃၇.၄)တင်းထွက်ရှိခဲ့သည်။


ဆက်လက်၍ မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် တာဝန်ရှိသူများမှ ယာမြေကွက်များတွင် မိုးနှမ်းစိုက်ပျိုးထားသည့် စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှု့၍ တောင်သူများကို အားပေးစကားများ ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)