ဇွန် - ၄ ( ဗုဒ္ဓဟူးနေ့ )
ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း လီဂျေမြောင်က ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် မဲအားလုံးနီးပါး ရေတွက်ပြီးနောက် အပြတ်အသတ်အနိုင်ရရှိကာ သမ္မတဟောင်း ယွန်ဆက်ယို ကြောင့်ဖြစ်တဲ့ လပေါင်းများစွာကြာ နိုင်ငံရေးမတည်ငြိမ်မှုများကို အဆုံးသတ်စေခဲ့ပါတယ်။
လီက ၎င်းရဲ့အဓိကပြိုင်ဘက် ကွန်ဆာဗေးတစ်ပြည်သူ့အာဏာပါတီမှ ကင်မ်မွန်းဆူကို ၄၈ ဒသမ ၄၄ ရာခိုင်နှုန်းမှ ၄၂ ဒသမ ၅၉ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထား ပါတယ်။ အင်္ဂါနေ့ညနေနှောင်းပိုင်းတွင် ပြည်တွင်းရုပ်သံလိုင်းများဖြစ်တဲ့ KBS၊ MBC နှင့် SBS တို့က စစ်အုပ်ချုပ်ရေး ကြေညာလို့ ဖြုတ်ချခံလိုက်ရတဲ့ သမ္မတဟောင်းယွန် ပြီးနောက် နောက်ဆက်တွဲ လျှပ်တပြက်ရွေးကောက်ပွဲတွင် လီ အတွက် သေချာပေါက်အနိုင်ရမည်ဟု ခန့်မှန်းခဲ့ကြပါတယ်။
ဒီကနေ့ နံနက် ၁နာရီ ၁၅ မိနစ်မှာ ပြောကြားသော အမျိုးသားလွှတ်တော် အနီး၌ မိန့်ခွန်းတွင် လီက ၎င်းကို ထောက်ခံသူများအား ကျေးဇူးတင်ကြောင်းနှင့် မဲဆန္ဒရှင်များက ပေးအပ်သည့် တာဝန်ကို လက်ခံမယ်လို့ ကတိပြုခဲ့ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost
No comments:
Post a Comment