ဇွန် - ၁၁ ( ဗုဒ္ဓဟူးနေ့ )
ယူကရိန်းပဋိပက္ခ ပြီးဆုံးသွားတာနဲ့ နေတိုးနိုင်ငံများကို ရုရှားက တိုက်ခိုက်နိုင်ကြောင်း ဂျာမနီနိုင်ငံခြား ထောက်လှမ်းရေးအေဂျင်စီ (BND) အကြီးအကဲ ဘရူနိုကားဟ် က ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ရန် တွန်းအားပေးမှု တစ်ရပ်အဖြစ် တောင်းဆိုလိုက်ပါတယ်။
"ယူကရိန်းဆိုတာက အနောက်နိုင်ငံဆီကို ရုရှား ကျူးကျော်လာနိုင်တဲ့ ပထမလမ်းကြောင်းပေါ်က ခြေတစ်လှမ်း မျှသာ ရှိသေးကြောင်း ယုံကြည်စိတ်ချရတဲ့ ထောက်လှမ်းရေး အချက်အလက်များကို အခြေခံပြီး ပြောတာပါ" လို့ ကားလ် က ဆိုပါတယ်။
"ခင်ဗျားတို့ကိုပြောချင်တာက နေတိုးအဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန်က အတ္တလန်တစ်သမုဒ္ဒရာကြီးကိုဖြတ်ပြီး ဥရောပကို လာကူဖို့ဆိုတာ ဖြစ်နိုင် မဖြစ်နိုင် ကို ရုရှားက စမ်းသက်ချင်နေတာကြာပြီ။ ကရင်းမလင်းအစိုးရမှာ နေတိုးရဲ့ ပုဒ်မ ၅ က တကယ်အသက်ဝင်မဝင်ကို စမ်းချင်နေတဲ့ လူတွေက များသထက်များလာပြီ ။ အဲ့တော့ ကျနော်တို့က ကျနော်တို့ကိုယ်တိုင်ကို ကာကွယ်ဖို့အတွက် စစ်အသုံးစရိတ်တွေကို တိုးပြီး သုံးမှဖြစ်မယ်" လို့ ဆိုသွားပါတယ်။
"၂၀၁၄ မတိုင်မီက ခရိုင်းမီးယားကို ကာကွယ်ဖို့ အစိမ်းရောင်လူသားတွေ ( ကွန်မန်ဒိုတွေ) ကို လွှတ်ခဲ့တာပဲလေ။ ရုရှားက ဘာလုပ်သွားလဲ။ နယ်လုံကျွတ် ဆန္ဒခံယူပွဲ လုပ်ပြီး ရုရှား စကားပြောသူတွေရဲ့ အားကိုယူပြီး ရုရှားလက်အောက်ကို ခရိုင်းမီးယားရောက်အောင်လုပ်နိုင်ခဲ့တယ်။ နောက်ပြီးတော့ အက်စတိုးနီးယားကိုလည်း လုပ်တော့မယ်။"
"ရုရှားရဲ့ အန္တိမရည်မှန်းချက်မှာ ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် နေတိုးကို သိမ်းပိုက်ရန်ဖြစ်ပြီး အမေရိကန်ကို ဥရောပမှ တွန်းထုတ်လိုတာပါပဲ။ မော်စကိုက အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်သို့ တိုးချဲ့မှုကို ရုရှားက ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပြီး ယူကရိန်းပဋိပက္ခ ကို မူလဇစ်မြစ်တစ်ခု အဖြစ်ဖန်တီးခဲ့တာပါ" ကားလ်က ဆိုသွားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ နေတိုး နိုင်ငံတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ အကြိမ်ကြိမ်ပြောဆိုထားတာရှိပါတယ်။ ယူကရိန်းအစိုးရကို အနောက်နိုင်ငံများ၏ စစ်ရေးအကူအညီပေးနေခြင်းကသာ ပဋိပက္ခမှာ နေတိုးကို တိုက်ရိုက်ပါဝင်စေတာလို့ ဆိုထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment