လော့စ်အိန်ဂျလိစ်မှာ (ကာဖျူး ) ညမထွက်ရအမိန့် ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လော့စ်အိန်ဂျလိစ်မှာ (ကာဖျူး ) ညမထွက်ရအမိန့် ထုတ်ပြန်


ဇွန် - ၁၁ ( ဗုဒ္ဓဟူးနေ့ ) 

လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများကြောင့် ရက်အတော်ကြာ ရုန်းရင်းဆန်ခတ်မှုနှင့် လုယက်မှုများ ဖြစ်ပွားခဲ့ ပြီးနောက် လော့စ်အိန်ဂျလိစ်မြို့လယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ ကန့်သတ်ချက်များက ည ၈ နာရီမှ စတင်အသက်ဝင်မည်ဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၆ နာရီအထိလို့ မြို့တော်ဝန် ကာရင်ဘေ့စ် က အင်္ဂါနေ့တွင် ကြေညာခဲ့ပါတယ်။ ညမထွက်ရအမိန့်ကို ချိုးဖောက်သူတိုင်းကို ရဲတပ်ဖွဲ့က ရက်အတော်ကြာ ဆက်လက်ထိန်းသိမ်းထားမယ်လို့လည်း ဆိုပါတယ်။ 

ဘေ့စ်ရဲ့ ပြောကြားချက်အရ မနေ့ညက စီးပွားရေးလုပ်ငန်း ၂၃ ခု လုယက်ခံရပြီးနောက် အကြမ်ဖက်မှုက အစွန်းရောက်လာပြီးဖြစ်လို့ အခုလို ဆုံးဖြတ်လိုက်ရတယ်လို့ သိရပါတယ်။ ကာဖျူးသည် အကြမ်းဖျင်းအားဖြင့် တစ်စတုရန်းမိုင်ခန့် လွှမ်းခြုံထားပြီး အမှတ်၅ အဝေးပြေးလမ်း မှ အမှတ်၁၁၀ အမြန်လမ်းထိဖြစ်တယ်လို့ သိရပါတယ်။  

ကာဖျူး ကင်းလွတ်ခွင့်အနေနဲ့ အရေးပေါ်နှင့် ဘေးကင်းရေး ဝန်ထမ်းများ၊ သတင်းထောက်များနှင့် အိုးမဲ့အိမ်မဲ့ တစ်ဦးချင်းစီတို့ နှင့်အတူ အဆိုပါဒေသတွင် နေထိုင်သူများကို ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း LAPD အကြီးအကဲ ဂျင်မ် မက်ဒေါ်နယ် ဆိုပါတယ်။  “မြို့တွင်း မငြိမ်မသက်မှုတွေ ရက်အတော်ကြာ ဆက်တိုက် ကြီးထွားလာပြီးနောက် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ ပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးဖို့ ညမထွက်ရအမိန့်ဟာ လိုအပ်တဲ့ အတိုင်းအတာတစ်ခုပါ” လို့ ၎င်းက ဆိုပါတယ်။ 

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား ဖြိုခွင်းမှုအတွင်း လူဝင်မှုကြီးကြပ်ရေး ဖက်ဒရယ်အေးဂျင့်များက လူအများအပြားကို ဖမ်းဆီးခဲ့ပြီးနောက် သောကြာနေ့ညတွင် အဓိကရုဏ်းများဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့ကဖမ်းဆီးခဲ့တဲ့ လူပေါင်း ၁၉၇ ယောက် အပါအဝင် စုစုပေါင်း လူ ၃၅၀ကျော်ကို ဖမ်းဆီးထားပြီးပါပြီ ။ သတင်းရဟတ်ယာဉ်များရဲ့ ဝေဟင်မှ ရုပ်သံမှတ်တမ်းများအရ လူအုပ်ကြီးသည် လမ်းများပေါ်တွင် စုဝေးနေကြဆဲဖြစ်ကြောင်း တွေ့ရပါတယ်။ 

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ် နဲ့ အခြားမြို့တာဝန်ရှိသူများက ဆူပူအုံကြွမှုကို နှိမ်နင်းရန် အမျိုးသားအစောင့်တပ်နှင့် တက်ကြွသော မရိန်းတပ်သားများကို ချထားရန် ထရမ့်ရဲ့  ဆုံးဖြတ်ချက် ကို ရှုတ်ချခဲ့ပြီး ဆူပူအုံကြွမှုအားနှိမ်နင်းရာမှာ ဥပဒေမဲ့ နှင့် ပြင်းထန်တယ်လို့ ဝေဖန်ထားပါတယ်။ 

“ဒါဟာ အာဏာရှင်စနစ်ဆီ ဦးတည်တဲ့ ခြေလှမ်းတစ်ခုပါပဲ”လို့ နယူးမန်းက တံဆိပ်တပ်ခဲ့ပြီး မအောင်မြင်တဲ့ အာဏာရှင်တစ်ယောက်လို့ ဒီနေ့မနက်မှာ ပြောသွားပါတယ်။ သမ္မတဒေါ်နယ်ထရမ့်က မြောက်ကာရိုလိုင်းနားရှိ ဖို့ဒ်ဘာရက် သို့သွားရောက်လည်ပတ်စဉ် ၎င်း၏လုပ်ရပ်များကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ "ကျနော်တို့က လော့စ်အိန်ဂျလိစ်ကို တရားမဝင်ရွှေ့ပြောင်းတွေ လက်ထဲကနေလွတ်မြောက်အောင် လုပ်နေတာပါ။ လော့စ်အိန်ဂျလိစ်က လွတ်လပ်၊ သန့်ရှင်းပြီး တစ်ဖန် ပြန်လည်လုံခြုံစေမှာပါ" လို့ ဆိုသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)