ညောင်ဦးမြို့ နတ်သမီးကမ်းပါး သာယာဝတီသင်္ဘောဆိပ် ဧရာဝတီမြစ်အတွင်း ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြသမှုပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့ နတ်သမီးကမ်းပါး သာယာဝတီသင်္ဘောဆိပ် ဧရာဝတီမြစ်အတွင်း ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြသမှုပြုလုပ်




ညောင်ဦး  ၊  ဇွန် ၃၀


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ညောင်ဦးမြို့နယ် နတ်သမီးကမ်းပါး သာယာဝတီသင်္ဘောဆိပ် ဧရာဝတီမြစ်အတွင်း ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြသခြင်း အခမ်းအနားကို ဇွန် ၃၀ ရက်၊ ၉နာရီအချိန်က ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။


အခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပခဲ့ရာ ဇာတ်တိုက်လေ့ကျင့်မှုတွင် မိုးရွာသွန်းမှုများပြားလာ၍ ရေကြီးရေလျှံဖြစ်ပွားနိုင်ပြီး ကြိုတင်ပြင်ဆင်ထားရန် အသိပေးနှိုးဆော်ခြင်း၊ မီးသတ်ဦးစီးဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကူအညီတောင်းခံခြင်း၊ ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အတွင်းရှိ လှေ/ သမ္မာန်များဖြင့်စုပေါင်း၍ ကယ်ထုတ်နိုင်ရေး လှေများစုဖွဲ့သွားရောက်ခြင်း၊ ရေဘေးသင့် ပြည်သူများကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်း၊ ရွှေ့ပြောင်းနေချိန်တွင် ဘေးသင့်၍ ရေစီးနှင့်အတူ မျောပါလာသူကို အသက်ကယ်ဘောကွင်း၊ Intelligence Lifebuoy , line Shooter၊ Dive Suit  များ အသုံးပြု၍ ကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ ကျန်းမာရေးဦးစီးဌာနနှင့်မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့များမှ ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်ရန် ယာယီဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်၍ ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ယာယီခိုလှုံနိုင်ရန် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းများသို့ပို့ဆောင်ပေးခြင်း၊ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း စသည့်လေ့ကျင့်ခန်းများအားလက်တွေ့ ကယ်ဆယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ ရိက္ခာများလက်တွေ့ ထောက်ပံ့ပေးအပ် သည်။ ထို့နောက် မီးသတ်ဦးစီးဌာနမှပြသထားသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးအထောက်အကူပြု ပစ္စည်းများနှင့်စက်ကိရိယာများ၊ မော်တော်ယာဉ်များ၊ စက်ယန္တယားများအား လိုက်လံကြည့်ရှုသည်။


ဆက်လက်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်စီမံအဖွဲ့ဝင်များမှ ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြသမှုတွင်ပါဝင် ဆောင်ရွက်ခဲ့သည့်တပ်ဖွဲ့၊ အဖွဲ့အစည်းဝင်များအားတွေ့ဆုံ၍ မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် တုံ့ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းသည် အဓိကဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်၍ ယခုလို ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများကို စနစ်တကျလေ့ကျင့်ထားခြင်းဖြင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ၊ စက်ကိရိယာများနှင့် စက်ယန္တရားများကို ရင်းနှီးကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုလာနိုင်သည်သာမက  အရေးကြုံလာပါက စုပေါင်းညီညွတ်မှုအင်အားဖြင့် ထိရောက်သည့် တုံ့ပြန်ဆောင်ရွက်မှုမျိုးကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ကာ ဧရာဝတီမြစ်အတွင်း ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြသမှု အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရသည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သာယာဝတီရပ်၊ ဖောင်းတော်ပြင်ဓမ္မာရုံ၍ ရေဘေးရှောင် ကယ်ဆယ် ရေးစခန်းဖွင့်လှစ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရေဘေးရှောင်အိမ်ထောင်စုနှင့် လူဦးရေစာရင်းရယူခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများအားကြည့်ရှုခဲ့ကာ ရေဘေးရှောင်ပြည်သူ များအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်မှုများအား ရေဘေး ရှောင်ပြည်သူများထံ လက်ရောက် ထောက်ပံ့ပေးအပ်၍အား ပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)