ပေါက်ခေါင်း ၊ ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း (အိုးဘိုကုန်း)၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးကိုကိုနိုင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဓမ္မသော်တိုက်နယ်ဆရာဝန်ကြီး ဒေါက်တာဦးမျိုးမင်းဇော်က သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို ရှင်းလင်းဟောပြောခဲ့ပြီး ပေါက်ခေါင်းမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ ဒုတိယမြို့နယ်မီးသတ်ဦးမှူး ဦးရဲမင်းသန်းက သဘာဝဘေးဖြစ်ပေါ်ပါက လုပ်ဆောင်ရမည့်အချက်များနှင့် ဆောင်ရွက်ရမည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းပြီး သဘာဝဘေးသရုပ်ပြခြင်းများကို ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment