ဇွန် ၁၃ ရက်မှစတင်ပြီး ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သည့် အစ္စရေးနှင့်စစ်ပွဲကြောင့် သေဆုံးခဲ့ရသော ဗိုလ်ချုပ်များနှင့် နျူကလီးယားသိပ္ပံပညာရှင်များ ဈာပနပွဲကို ဇွန် ၂၈ ရက်က တီဟီရန်မြို့ လမ်းများပေါ် အခေါင်း ၆၀ ဝန်းကျင်ဖြင့် စုပေါင်းကျင်းပရာ လူ တစ်သန်းကျော် လမ်းပေါ်ထွက်ပြီး အမေရိက သေဆုံးပါ စေဟု အော်ဟစ်ကြွေးကျော်ခဲ့ကြတယ်လို့ သတင်းတွေမှာ တွေ့မြင်ရပါတယ်။
စစ်ပွဲတွင် အီရန်တော်လှန်ရေးအစောင့်တပ်မှ အီရန်စစ်တပ်၏ ဩဇာအကြီးဆုံး ဗိုလ်ချုပ်ဖြစ်သော စစ်ဦးစီးချုပ် ဟော့စိန်းဆလာမီ၊ ဗိုလ်ချုပ် အမီယာအလီဟာဂျီဇာဒါတို့၏ အခေါင်းများလည်း ပါဝင်ခဲ့ပြီး နိုင်ငံခေါင်းဆောင် ခါမီနီကို ထောက်ခံသူများက အစ္စရေးနှင့်အမေရိကန် အလံများအား မီးရှို့ ခြင်း၊ တက်နင်းခြင်းများပြုလုပ်ကာ အမေရိက သေဆုံးစေဟူသော ကြွေးကြော်သံများနဲ့ ဆူပွက်နေခဲ့ပါတယ်။
မွတ်စလင်တွေရဲ့ ဒီလိုပုံစံ ဆန္ဒပြမှုမျိုးတွေက မြန်မာနိုင်ငံသားတွေအနေနဲ့ တွေ့ဖူး မြင်ဖူးနေကျ ပုံစံဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ခြင်းဟာလည်း မွတ်စလင်တွေရဲ့ အစွန်းရောက်မှုကို ပြသရာရောက်ပါတယ်။ အစ္စရေးက အီရန်ကို လက်ဦးမှု ရယူပြီး တိုက်ခိုက်တာ၊ အမေရိကန်က စစ်ပွဲထဲပါဝင်လာပြီး တိုက်ခိုက်တာကို အားပေးထောက်ခံပြီး ပြောလိုခြင်း မဟုတ်ပါဘူး။ မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ ဒေါသလူမှုအသိုက်အဝန်းတွေကြားမှာ သဟဇာတမဖြစ်လို့ပါပဲ။
မြန်မာနိုင်ငံအတွင်းမှာ ခိုးဝင်ဘင်္ဂလီတွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုကြောင့် ပဋိပက္ခတွေ ပေါ်ပေါက်လာစဉ်မှာကလည်း အကြမ်းဖက်နှိမ်နင်းရေး လုပ်ဆောင်ခဲ့ရတာတွေ ရှိပါတယ်။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာလည်း အင်ဒိုနီးရှား က မွတ်စလင်တွေရဲ့ ဆန္ဒပြပွဲမှာ မြန်မာပြည်က ဗုဒ္ဓဘာသာတွေကို သတ်ချင်တယ်ဆိုတဲ့ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြတာမျိုးကို တွေ့မြင်ရသလို မလေးရှားနိုင်ငံက မွတ်စလင်တွေက မလေးရှားကို ရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို တိုက်ခိုက်တာမျိုး မြန်မာနိုင်ငံအလံကို မီးရှို့၊ သမ္မတကြီး ဦးသိန်းစိန်ပုံကို မီးရှို့၊ ဆရာတော်ဦးဝီရသူ ပုံကို မီးရှို့ ဆန္ဒပြသည်အထိ မြင်တွေ့ခဲ့ရပါတယ်။
NLD အစိုးရလက်ထက် ခိုးဝင်ဘင်္ဂလီများက တကျော့ပြန် အကြမ်းဖက်လှုပ်ရှားမှု လုပ်လာပြန်ပါတယ်။ ထိုစဉ်ကလည်း နှိမ်နင်းဆောင်ရွက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာလည်း မြန်မာနိုင်ငံ အလံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို မီးရှို့ပြီး အင်ဒိုနဲ့ မလေး က မွတ်စလင်တွေက ဆန္ဒပြတာတွေ လုပ်ခဲ့ကြပါတယ်။
ဒေါ်စုကို ထောက်ခံအားပေးခြင်း မပြုသည့်တိုင်အောင် မြန်မာနိုင်ငံအလံနဲ့ ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်ကို စော်ကားလာတဲ့အပေါ်မှာ ကျွန်တော်တို့ မြို့တော်ခန်းမရှေ့မှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ရဲ့ ပြောဆိုမှုတွေ ကို ဆန္ဒပြကန့်ကွက်မှု ပြုလုပ်ခဲ့ကြပေမယ့် သူတို့လို ရိုင်းစိုင်းတဲ့ တုန့်ပြန်မှုမျိုး မလုပ်ခဲ့ပါဘူး။ မလေးရှားအလံကို မီးရှို့တာမျိုး၊ မလေးရှားခေါင်းဆောင်ပုံကို မီးရှို့တာမျိုး မလုပ်ခဲ့ကြပါဘူး။
မွတ်စလင်တွေရဲ့ ဒေါသကို ဆူပွက်အောင် လုပ်ပေးတာက မီဒီယာဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း မွတ်စလင်တွေရဲ့ သြဇာခံ မီဒီယာတွေအများကြီး ရှိပါတယ်။ ခိုးဝင်ဘင်္ဂလီတွေကို လူမျိုးလိမ်နာမည်နဲ့ သုံးစွဲရေးသား ဖော်ပြနေတဲ့ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now, Western News, Development Media အပါအဝင် သူတို့ရဲ့ အစွယ်အပွားတွေဟာ အိုအိုင်စီရဲ့ ထောက်ပံ့ကြေး ယူထားတဲ့ သတင်းဌာနတွေ ဖြစ်တဲ့အတွက် ဘင်္ဂလီကို လူမျိုးလိမ်နာမည်နဲ့ ရေးသားဖြန့်ဝေပေးရတယ်။ ပဋိပက္ခတွေ ပေါ်ပေါက်လာတဲ့အခါ အမှားအမှန်ကို မှန်ကန်စွာ ချပြခြင်းမျိုးမဟုတ်ဘဲ မွတ်စလင်တွေကို အကာအကွယ်ပေးပြီး ရေးသားဖော်ပြ ပေးရတယ်။ အကြမ်းဖက်သမား မွတ်စလင်တွေကိုလည်း အင်နိုးစန့်လေးတွေ ဖြစ်အောင် ဖန်တီးရေးသားကြတယ်။ မီဒီယာတွေက အဲဒီလို ရေးသားပြဆိုတဲ့အခါကြတော့ ဒီသတင်းတွေကို တွေ့မြင်ကြားသိရတဲ့ မွတ်စလင်တွေမှာ အကြမ်းဖက်သမားကို အကြမ်းဖက်သမားလို့ မမြင်တော့ဘဲ အကြမ်းဖက်သမားကို နှိမ်နင်းတဲ့သူတွေအပေါ် ဒေါသတွေ ဖြစ်လာပြီး အစွန်းရောက် ပြောဆိုမှုတွေ ဖြစ်လာတယ်။
ဒီရက်ပိုင်းအတွင်း သတင်းတွေမှာ အင်္ဂလန်နိုင်ငံက ဂီတဖျော်ဖြေပွဲတစ်ခုမှာ အစ္စရေးစစ်တပ်ကို ရှုတ်ချပြောဆိုတဲ့ ဖျော်ဖြေမှုတွေနဲ့ ကြွေးကြော်သံတွေကို အဆိုတော်နဲ့ ပရိတ်သတ်တွေက သံပြိုင်ကြွေးကြော်သွားတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုလည်း မြင်တွေ့ရတယ်။ BBC သတင်းဌာနကလည်း အဲဒါတွေကို အသားပေးပြီး ထုတ်လွှင့်သွားတယ်လို့ ဆိုတယ်။ ဖြည့်စွက် ပြောချင်တာက BBC သတင်ဌာနသည် အင်္ဂလန်အခြေစိုက် သတင်းဌာနတစ်ခု ဖြစ်သည့်တိုင်အောင် အိုအိုင်စီရဲ့ ငွေကြေးနဲ့ လည်ပတ်နေသလားဆိုတာ သံသယဖြစ်စရာ ရှိတယ်။ ခိုးဝင်ဘင်္ဂလီတွေ မြန်မာနိုင်ငံကို ရေလမ်းကြောင်းကနေ ခိုးဝင်နေလို့ သံဃာတော်များနဲ့ အမျိုးသားရေးလှုပ်ရှားသူများက ဆန္ဒပြကန့်ကွက်စဉ်ကလည်း BBC သတင်းထောက်တစ်ယောက်က သံဃာတော်တွေကို ရန်လာရှာတာမျိုးအထိ ကြုံတွေ့ခဲ့ရဖူးတယ်။
အဓိက ပြောလိုခြင်းကတော့ မွတ်စလင်တွေရဲ့ ဆန္ဒပြမှုပုံစံက မတူညီတဲ့ လူမှုအသိုက်အဝန်းများကြား အမျိုးသားရေး ခလုတ်တိုက်မှု ပြဿနာတွေကို ကြီးထွားစေပါတယ်။ အစ္စရေး၊ အမေရိကန်ရဲ့ တိုက်ခိုက်မှုကို စာရေးသူအနေနဲ့ ထောက်ခံအားပေးခြင်း မရှိသလို အဲဒီမှာ ရှိတဲ့ တချို့သော ပြည်သူတွေမှာလည်း မနှစ်သက်တာမျိုး ရှိနိုင်ပါတယ်။ သို့သော် မွတ်စလင်များက နိုင်ငံအလံကို မီးရှို့၊ နိုင်ငံခေါင်းဆောင်ပုံတွေကို မီးရှို့စော်ကားတာမျိုးတွေ လုပ်လာတဲ့အခါကြတော့ တိုင်းပြည်နဲ့ လူမျိုးကိုပါ စော်ကားတဲ့ ပုံစံမျိုး ဖြစ်လာတဲ့အတွက် တိုက်ခိုက်မှုတွေကို အားပေးထောက်ခံအောင် တွန်းပို့လိုက်သလို ဖြစ်စေပါတယ်။
အီရန်မှာ လုပ်တဲ့ ဈာပနပွဲမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ပေါ်လွင်စေရမှာ ဖြစ်ပါတယ်။ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကျင်းခြင်းမျိုးမဟုတ်ဘဲ ဒေါသတွေနဲ့ ဆူပွက်ပြီး တစ်ဖက်ကို စိန်ခေါ် စော်ကားတာမျိုးတွေက ငြိမ်းချမ်းရေးဆီကို ဦးမတည်ဘဲ ပြဿနာတွေကို ထပ်မံဖိတ်ခေါ်နေသလိုမျိုးပါပဲ။
မွတ်စလင်တွေရဲ့ သဘောတရားကို စောင့်ကြည့်လေ့လာနေတဲ့ ပညာရှင်တွေကလည်း လုပ်ရပ်တိုင်းကို ဘာသာရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတာကို ထောက်ပြပြောဆိုခဲ့ကြပါတယ်။ အဓိကအားဖြင့် မွတ်စလင်လူထုကို ဒေါသကြီးထွားလာအောင် စွပေးသူတွေကတော့ မွစ်စလင် ခေါင်းဆောင်တွေနဲ့ မီဒီယာတွေပဲ ဖြစ်ပါတယ်။
မီဒီယာကို အသုံးချတယ်ဆိုတာ က ကိုယ့်ဘက်က ရပ်တည်ဖို့သက်သက် မဟုတ်ဘဲ အမှားအမှန်ကို ခွဲခြားသိမြင်အောင် ရေးသားပြဆို တင်ဆက်ဖို့ ဖြစ်သင့်ပါတယ်။ မီဒီယာတွေကို ငွေကြေးပံ့ပိုးပေးပြီး မွတ်စလင်တွေရဲ့ အကြမ်းဖက်မှုတွေကို ဖုံးကွယ်ထား၊ မွတ်စလင်တွေအပေါ် အကြမ်းဖက်ခံနေရပါတယ်လို့ လိမ်ညာဝါဒဖြန့်ခိုင်းဖို့သာ အသုံးပြုနေမယ်ဆိုရင်တော့ မွတ်စလင်လူ့အဖွဲ့အစည်းဟာ ဘယ်တော့မှ အမှန်တရားကို မမြင်နိုင်တော့ဘဲ ဒေါသတွေနဲ့ ဆူပွက်နေမယ်။ ရန်ပွဲတွေကြားမှာ အပြစ်မဲ့လူသားတွေလည်း အတိဒုက္ခရောက်ရပါလိမ့်မယ်။
အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသမှာ အကြမ်းဖက်နှိမ်နင်းရေး ခေါင်းစဉ်နဲ့ တိုက်ခိုက်နေတယ်။ အရပ်သား ပြည်သူပေါင်း ၅၆၀၀၀ ကျော် သေဆုံးခဲ့ရပြီးပြီ။ ဆင်ခြင် သတိပြုပြီး ဒေါသတွေကို မီးကုန်ရမ်းကုန် ဖော်ပြပြီး ဆူပွက်မနေကြပါနဲ့။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment