ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှုပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှုပေးအပ်ပွဲ အခမ်းအနားကျင်းပ




ရွှေတောင်၊ ဇွန်  ၂

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်ကအဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းမိသားစုများမှ သား/သမီး များ ၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားရာတွင် ထူးချွန်ထက်မြက်သည့် ပညာတတ် လူငယ်များဖြစ်ထွန်း  ပေါ်ပေါက်လာစေရေးအတွက် မိဘများမှ အကောင်းဆုံးကြိုးစား၍ ပြုစု ပျိုးထောင်ပေးကြစေလိုကြောင်း၊ မိမိတို့ဌာနအနေဖြင့်ဝန်ထမ်းများ၏ သားသမီးများပညာရည်မြင့်မား တိုးတက်စေရေးအတွက် နှစ်စဉ်  စဥ်ဆက်မပြတ်ဆက်လက်၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပေးအပ်ရာတွင် တက္ကသိုလ်အဆင့်ကျောင်းသား/ကျောင်းသူ (၄) ဦးအား တစ်ဦးလျှင် ( ၅၀၀၀၀) ကျပ်၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၆)ဦးအားတစ်ဦးလျှင် (၄၀၀၀၀) ကျပ်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၆) ဦးအားတစ်ဦးလျှင် ( ၃၀၀၀၀) ကျပ်၊ မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ (၂၂)ဦးအား တစ်ဦးလျှင် ( ၂၀၀၀၀) ကျပ်နှင့် စာရေးကိရိယာတန်းဖိုး ( ၅၇၀၀၀) ကျပ် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၈)ဦးအား  စုစုပေါင်းတန်ဖိုး (၁၁၁၇၀၀၀) ကျပ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်၊မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)