ဇွန် - ၂၈ ( စနေနေ့ )
ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း ဝါဇီရစ္စတန်ခရိုင် ခိုင်ဘာပါခ်တန်ခဝါ ပြည်နယ်ရှိ စစ်ယာဉ်တန်းကို အသေခံဗုံးခွဲသမားက ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားတစ်စီးကို ဝင်တိုက်ခဲ့လို့ စစ်သား ၁၃ ဦး သေဆုံးပြီး တပ်ဖွဲ့ဝင် ၁၀ ဦးနှင့် အရပ်သား ၁၉ ဦး အပါအဝင် လူ ၂၉ ဦး ဒဏ်ရာရခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံ အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့ပါတယ်။ ယခုအချိန်အထိ မည်သည့်အဖွဲ့မှ တာဝန်မယူရသေးသော်လည်း အဆိုပါဒေသသည် ယခင်က တာလီဘန်များနှင့် ဆက်စပ်နေသည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုမှ မကြာခဏ အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကို ကြုံတွေ့လေ့ရှိကြောင်း ဒေသခံတွေက ဆိုပါတယ်။
ဒီကနေ့မနက် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ပေါက်ကွဲမှုကြောင့် အိမ်နှစ်အိမ် ခေါင်မိုးပြိုကျပြီး ကလေးခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲအရာရှိတစ်ဦးက ပြောပါတယ်။
ပါကစ္စတန်တစ်ဝှမ်းမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ တိုးလာနေချိန်မှာ ဒီအသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ လုပ်ဆောင်နေတဲ့ TTP စစ်သွေးကြွများကြောင့် ခိုင်ဘာပါခ်တန်ခဝါ တွင် အကြမ်းဖက်မှုများ တိုးလာကြောင်း စစ်ဘက်နှင့် နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်များက ယူဆကြပါတယ်။ သူတို့က ကဘူးလ်သည် အဲ့ဒိစစ်သွေးကြွ တွေကို အမိုးအကာနှင့် ထောက်ပံ့မှုများ ပေးနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
ဇွန်လအစောပိုင်းက TTP အကြမ်းဖက်သမားများသည် လက်ကီမာဝတ် ခရိုင်တွင် ရဲတစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ စစ်သွေးကြွများက ထွက်ပြေးရန် ကြိုးပမ်းချိန်တွင် ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်းတို့ကို လိုက်ဖမ်းခဲ့ရာ ပစ်ခတ်မှုအတွင်း တစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment