ဇွန် - ၂၈ ( စနေနေ့ )
အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရုရှားထုတ် အက်စ်- ၄၀၀ မြေပြင်မှဝေဟင်ပစ် ရွေ့လျှား ဒုံးတွေနဲ့ ဒုံးပစ်စင်တွေကို ဝယ်ယူမယ်လို့ သိရပါတယ်။
အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျ်နတ်ဆင်းဂ် နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး အန်ဒရေး ဘယ်လိုဆော့ဗ် တို့ ကြာသပတေးနေ့က တရုတ်နိုင်ငံ ချင်းဒေါင်၌ ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီချက် ယူခဲ့ခြင်းဖြစ်ပါတယ် ။
"အော်ပရေးရှင် ဆင်ဒိုး မှာ အက်စ် ၄၀၀ ရဲ့ အစွမ်းကို သိလိုက်ရပါတယ်။ အထူးသဖြင့် လေကြောင်းရန် ကာကွယ်ရေး၊ ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်တွေ၊ ခေတ်မီစွမ်းရည်တွေနဲ့ ဝေဟင်ပလက်ဖောင်းတွေကို အဆင့်မြှင့်တင်မှုလိုမျိုး အရေးပါတဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက နှစ်နိုင်ငံခေါင်းဆောင်တွေကြား အရေးအကြီးဆုံး နောက်ဆုံးတွေ့ဆုံမှုတွေထဲက တစ်ခုဖြစ်ပါတယ်" လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ "အက်စ် ၄၀၀ စနစ်များ ထောက်ပံ့ပေးရေး၊ Su-30 MKI အဆင့်မြှင့်တင်မှုများနှင့် လျင်မြန်သော အချိန်ကာလများတွင် အရေးကြီးသော စစ်ဘက်ဆိုင်ရာ ဟာ့ဒ်ဝဲများ ဝယ်ယူရေးက အစည်းအဝေးရဲ့ အဓိက အရေးပါသော ထုတ်ယူမှုများထဲမှ အချို့ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
မေလတုန်းက အိန္ဒိယနယ်ထဲကို ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေ လာရောက်တိုက်ခိုက်လို့ အရပ်သား ၂၆ ယောက်သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အိန္ဒိယက လက်တုံ့ပြန်တိုက်ခိုက်မှုအတွက် အော်ပရေးရှင်ဆင်ဒိုး ဆိုပြီး တိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ အိန္ဒိယ - ပါကစ္စတန် စစ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနယ်စပ်က စစ်စခန်းတွေကို ပါကစ္စတန်ဘက်က အမြောက်တွေ ဒုံးတွေနဲ့ တိုက်ခိုက်တာကို အက်စ် ၄၀၀ စနစ်က ကောင်းစွာ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် အိန္ဒိယက ရုရှား ဆီကနေ အက်စ် ၄၀၀ ဒုံးကျည်နဲ့ ဒုံးကာကွယ်ရေး စနစ်တွေကို ကန်ဒေါ်လာ ၅ ဘီလီယံကျော်ဖိုး ဝယ်ဖို့အတွက် သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒိအော်ဒါတွေကို ၂၀၂၆ မှာ အပြီး ရယူမှာပါ။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment