ကမ္ဘာ့အမြင့်ဆုံး မီးရထားလမ်းတံတား ကို မိုဒီ ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့အမြင့်ဆုံး မီးရထားလမ်းတံတား ကို မိုဒီ ဖွင့်လှစ်ပေး


ဇွန် - ၇ ( စနေနေ့ ) 

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်နယ်ကို ဆက်သွယ်ပေးသည့် ချိတ်ဆက်မှုအသစ်များရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်သည့် မီးရထားလမ်းနဲ့ တံတားနှစ်စင်းကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒါမိုဒီ က သောကြာနေ့တွင် ဖွင့်လှစ်ခဲ့ပါတယ်။ နယူးဒေလီ နှင့် အစ္စလမ်မာဘတ်ကြား သံတမန်ရေးရာ နဲ့ စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ပါဟယ်လ်ဂမ်ဒေသအကြမ်းဖက်သမားများ တိုက်ခိုက်မှုအပြီးတွင် ၎င်းက ယင်းဒေသသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းလည်း ဖြစ်ပါတယ်။ 

သောကြာနေ့မိန့်ခွန်းအတွင်း မိုဒီသည် ကက်ရှ်မီးယား၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့ပါတယ်။ အဲ့ဒီဒေသဟာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား ဆယ်စုနှစ်ပေါင်းများစွာ အငြင်းအခုံဖြစ်ခဲ့ပါတယ်။

အိန္ဒိယအာဏာပိုင်များက ကမ္ဘာ့အမြင့်ဆုံး မီးရထားတံတားဟု တံဆိပ်တပ်ထားသော ချန်နက်ဘ် တံတားနှင့် အိန္ဒိယနိုင်ငံ၏ ပထမဆုံး ကေဘယ်-တည်းခိုရထားလမ်းတံတားဖြစ်သည့် အန်ဂျီ တံတားတို့ကို ဝန်ကြီးချုပ်က ဖွင့်လှစ်ပေးခဲ့တာပါ။ နှစ်ခုစလုံးသည်ဂျမူး နှင့် ကတ်ရှ်မီးယားဒေသ ရဲ့  "ခွန်အားသစ်" အဖြစ် မိုဒီက ချီးကျူးခဲ့ပါတယ်။ ၂၇၂ ကီလိုမီတာရှည်လျားသော ရထားလမ်းချိတ်ဆက်မှု ဖြစ်သော အူဒမ်ပူရ - ဆရီနာဂါ - ဘရာမူလာ ရထားလိုင်းစီမံကိန်း၏ အစိတ်အပိုင်းများဖြစ်ပြီး "အိန္ဒိယ၏ ကြီးထွားလာသောစွမ်းရည်များကို သက်သေပြခြင်း" ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

မြစ်ပေါ်တွင်တည်ဆောက်ထားသော ချန်နက်ဘ် တံတားသည် မြစ်ကြမ်းပြင်အထက် ၃၅၉ မီတာမြင့်ပြီး အီဖယ်မျှော်စင်ထက် ၃၅ မီတာပိုမြင့်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ခက်ခဲသော ဟိမဝန္တာမြေပြင်တွင် တည်ဆောက်ထားသော ကေဘယ်မီးရထားတံတားဖြစ် တဲ့ အန်ဂျီ တံတားသည် အမြင့် ၃၃၁ မီတာရှိပြီး သံမဏီကြိုးပေါင်း ၉၆ ချောင်းဖြင့် ချိတ်ထားတာပါ။ တံတားတွင် အသုံးပြုသည့် ကေဘယ်ကြိုးများ၏ စုစုပေါင်း အရှည်မှာ ၆၅၃ ကီလိုမီတာ ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)