နတ်မောက်မြို့နယ်၊ ကူနီကျေးရွာမှ ကျောင်းအုပ်ဆရာမကြီး ၁ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်၊ အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ပညာရေးဝန်ထမ်း ၈၀ ဦး သေဆုံးခဲ့ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ်၊ ကူနီကျေးရွာမှ ကျောင်းအုပ်ဆရာမကြီး ၁ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်၊ အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ပညာရေးဝန်ထမ်း ၈၀ ဦး သေဆုံးခဲ့ရ




နေပြည်တော်၊ ဇွန် ၇

PDF အမည်ခံအစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာန များနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အနာဂတ်မျိုးဆက်သစ် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်၊ သတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထို့သို့ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကူနီကျေးရွာရှိအခြေခံပညာမူလတန်းကျောင်း(မူလွန်)မှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ရီရီထွေး အသက် ၄၆ နှစ်သည် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များထမ်းဆောင်လျက်ရှိပြီး ထိုသို့ တာဝန်ထမ်းဆောင် နေသည်ကို မလိုလားသော PDF အမည်ခံအကြမ်းဖက်သမားများက ဇွန် ၆ ရက်နေ့ ကျောင်းဆင်းချိန်တွင် ကျောင်းဝန်းအတွင်းသို့ မော်တော်ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant- DCS) ပြုလုပ်ခြင်းမရှိဟုဆိုကာ ကျောင်းအုပ် ဆရာမကြီးအား သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဓားဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ်သတ်ဖြတ်ခဲ့သဖြင့် သေဆုံးသွား ကြောင်း သိရှိရသည်။

အကြမ်းဖက်အဖွဲ့ အစည်းများအနေဖြင့် ပညာရေးဝန်ထမ်းများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်ထိ အကြမ်းဖက်ကျူးလွန်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်း သေဆုံးသူ ၈၀ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သိရှိရသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းကောင်းဆရာ၊ ဆရာမများအား PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ၊ အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်မှုများကို ပြည်သူလူထုက စိတ်နှလုံးမချမ်းမြေ့ဖွယ် တွေ့မြင်ကြားသိနေရသဖြင့် အကြမ်းဖက် သမားများ၏ လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လိုအပ်သော တုန့်ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)