နေပြည်တော်၊ ဇွန် ၇
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတင်းဌာနမှ ဆက်သွယ်မေးမြန်းသည့် အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြန်လည်ဖြေကြားရာတွင် MEVM မဲပေးစက်များမှာ အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသောစနစ် ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။
သတင်းဌာနမှ ဆက်သွယ်မေးမြန်းသည့် မေးခွန်းများအား UEC က ပြန်လည်ဖြေကြားထားရာတွင် "ကျင်းပမည့်ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ် ( FPTP ) နှင့် အချိုးကျကိုယ်စားပြုစနစ် ( PR ) ၂ မျိုးလုံး အသုံးပြုဆောင်ရွက် သွားမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်အနက် မြို့နယ်ပေါင်း ဘယ်လောက်လောက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါသလဲ ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့်အချိန်တွင် ဖြစ်ပေါ်လျက် ရှိသည့် နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့်နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ရှိကြောင်း ဖြေကြားထားသည်။
ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်အတွက် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) ၂ မျိုးလုံး အသုံးပြု ဆောင်ရွက် သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက အသေးစိတ် သိရှိရမှာ ဖြစ်ကြောင်း၊ MEVM စက်များနဲ့ စမ်းသပ်မဲပေးခြင်းများကို နေပြည်တော်မှာရှိတဲ့ ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တက္ကသိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ တိုင်းဒေသကြီး/ပြည်နယ် ၉ ခုတို့မှာဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးပါတီများကိုလည်း စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မဲပေးတဲ့သူကိုယ်တိုင် စိစစ်နိုင်အောင် ဆောင်ရွက်ထားကြောင်း၊ စမ်းသပ်မဲပေးမှုများအရ ရလဒ်မှားယွင်းမှုမရှိကြောင်း တွေ့ရှိရကြောင်း၊ မဲပေးစက်မှာ Internet, Wifi, Bluetooth စနစ်များ မပါဝင်သည့်အပြင် ကွန်ပျူတာများကဲ့သို့ ဝင်းဒိုးစနစ် (OS) များ မပါဝင်ကြောင်း၊ မိုက်ခရိုကွန်ထရိုလာစနစ် ဖြစ်သည့်အတွက် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသောစနစ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စံချိန်စံညွှန်း ဥပဒေ (၂၀၁၄) နှင့်အညီ မဲပေးစက်၏ အရည်အသွေးနှင့် စံချိန်စံညွှန်းကို အမျိုးသားအဆင့် ထောက်ခံ အသိအမှတ်ပြုလွှာရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားထားသည်။
ရွေးကောက်ပွဲကို ဘယ်တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ အရင်ဆုံး ကျင်းပဖို့ စီစဉ် ထားပါသလဲ။ ဒုတိယဦးစားပေး ကျင်းပမယ့် ဒေသတွေက ဘယ်ဒေသတွေ ဖြစ်မလဲ ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ နယ်မြေဒေသအခြေအနေအရ ကန့်သတ်ချက်ရှိတဲ့ နယ်မြေများမှလွဲ၍ တိုင်းဒေသကြီး နဲ့ ပြည်နယ်များအားလုံးမှာ ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားဆောင်ရွက်ထားကြောင်း၊ ကျင်းပမည့်ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပဖို့ လျာထားပြီး အပိုင်းအလိုက် ရွေးကောက်ပွဲ ကျင်းပမည့်ရက်များကို သတ်မှတ်ပေးမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment