ရန်ကုန် ၊ဇွန် ၁
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ Emergency Task Force (ETF) အစည်းအဝေးကို ယမန်နေ့က အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ လက်ထောက်အထွေထွေ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ငလျင်တုံ့ပြန်မှုနှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်တွင်း/ပြည်ပမှ အလှူရှင်များ၏ အလှူပစ္စည်းများ ဖြန့်ဝေနေမှု ကိစ္စရပ်များ၊ တိုင်းဒေသကြီး / ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ စသည့် အသင်းကရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ်ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost

No comments:
Post a Comment