ဇွန် - ၁၃ ( စနေနေ့)
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က သောကြာနေ့ နံနက်ပိုင်းတွင် အာမက်ဒါဘက်မြို့သို့ ရောက်ရှိခဲ့ပြီး အနည်းဆုံး လူ ၂၉၀ သေဆုံးခဲ့ အဲ့ယားအိန္ဒိယ ဘိုးရင်း ၇၈၇ ပျက်ကျရာ နေရာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
လေယာဉ်အမှုထမ်း ၁၂ ဦး အပါအဝင် လူ ၂၄၂ ဦး လိုက်ပါလာသည့် လန်ဒန်-သို့သွားသည့် လေယာဉ်ပျက်ကျမှုတွင် ခရီးသည်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ လေယာဉ်က ဆရာဝန်တွေနေတဲ့ တည်းခိုခန်းကို ဝင်တိုက်တာကြောင့် သေဆုံးသူ စုစုပေါင်း ၂၉၀ ဖြစ်သွားရတာပဲ ဖြစ်ပါတယ်။
မိုဒီက "အပျက်အစီး မြင်ကွင်းက စိတ်မကောင်းစရာပါပဲ။ မမောမပန်း အလုပ်လုပ်နေသော တာဝန်ရှိသူများ အတွက် ကျေးဇူတင်ပါတယ်" လို့ အိတ်စ်မီဒီယာမှာ ရေး တင်ခဲ့ပြီး အဲ့ဒိအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ လည်းသိရပါတယ်။
အဲယားအိန္ဒိယရဲ့ အဆိုအရ လေယာဉ်ပေါ်တွင် အိန္ဒိယလူမျိုး ၁၆၉ ဦး၊ ဗြိတိန် ၅၃ ဦး၊ ပေါ်တူဂီ ခုနစ်ဦးနှင့် ကနေဒါနိုင်ငံသား တစ်ဦးတို့ လိုက်ပါလာကြောင်း သိရပါတယ်။ လေယာဉ်ပျက်ကျရာနေရာကို သွားရောက်ကြည့်ရှုပြီးနောက် မိုဒီသည် အာမက်ဒါဘက် မြို့ပြဆေးရုံသို့ သွားရောက်ခဲ့ပြီး လေယာဉ်ပျက်ကျမှုတွင် တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူ အသက် ၃၈ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ရာမက်ရှ် ဗစ်ရှ်ဝါရှကူမား နှင့် တွေ့ဆုံခဲ့ပါတယ်။ အရေးပေါ် ထွက်ပေါက်အနီးမှာ ထိုင်နေတဲ့ ဗစ်ရှ်ဝါရှ်ကူမား က လေယာဉ်ပေါ်ကနေ ခုန်ချနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့ဒဏ်ရာအတွက် ဆေးကုနေပါတယ်။
"ကျနော် ထလာတော့ ကျနော့်ပတ်ဝန်းကျင်မှာ အလောင်းတွေဖွေးနေတာပါပဲ။ ကျနော်ကြောက်လန့်နေပါတယ်။ မတ်တပ်ရပ်နိုင်ဖို့ ကြုးစားပြီးနောက်မှ ထွက်ပြေးခဲ့တာပဲ ဖြစ်ပါတယ်။ ကျနော့် ပတ်ဝန်းကျင်မှာ လေယာဉ်အပိုင်းအစတွေအများကြီး ရှိနေတယ်" လို့ ၎င်းကပြောပါတယ်။ “တစ်ယောက်ယောက်က ကျွန်နော့်ကို ဖမ်းဆွဲပြီး လူနာတင်ကားပေါ်တင်ပြီး ဆေးရုံကို ခေါ်သွားတာပါ” လို့ ဆိုပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment