ဇွန် - ၁၄ ( စနေနေ့ )
အစ္စရေးက အီရန်ကို တိုက်ခိုက်ပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ဖြစ်ပေါ်နေခြင်း နဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်သမ္မတ မာဆွတ်ပီဇတ်ရှ်ကီယန် နှင့် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု တို့အား တယ်လီဖုန်းဖြင့် စကားပြောဆို ဆွေးနွေးခဲ့ပါတယ်။
အစ္စရေးက အီရန်နျူကလီယား အဆောက်အအုံများနှင့် စစ်ရေးပစ်မှတ် အများအပြားကို ပစ်မှတ်ထားကာ သောကြာနေ့ မနက်စောစောပိုင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် အပျက်အစီးများက ယနေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး အီရန် ထိပ်တန်းစစ်ဘက်ခေါင်းဆောင်ပိုင်းနှင့် ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင်များ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ကာ ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရပါတယ်။
“အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားတွေ အပါအဝင် လူအများအပြား သေဆုံးခဲ့ရတဲ့အတွက် အီရန်ခေါင်းဆောင်တွေ ကိုယ်စားဝမ်းနည်းကြောင်း ရုရှားသမ္မတက ပြောကြားခဲ့ပါတယ်” လို့ ကရင်းမလင် အစိုးရ သတင်းဌာနက သောကြာနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂ ပဋိဉာဉ်နှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် အစ္စရေး၏ လုပ်ရပ်များကို ရုရှားက ရှုတ်ချကြောင်း ပူတင်က အလေးပေး ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် ရုရှားခေါင်းဆောင်က စေ့စပ်ညှိနှိုင်းရန် အဆင်သင့်ရှိကြောင်းနှင့် “အီရန်နှင့် အစ္စရေးကြား ပဋိပက္ခများ အရှိန်လျော့သွားစေရန် ဆက်လက်ပါဝင်ကူညီမယ်” လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ပူတင်က စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်သို့ ပြန်သွားရန်နှင့် အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ပြဿနာအားလုံးကို နိုင်ငံရေးနှင့် သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းခြင်း၏ အရေးပါမှုကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။ "စစ်ရေးတင်းမာမှု ဆက်လက်တိုးမြင့်လာမှုက ဒေသတစ်ခုလုံးအတွက် အဆိုးရွားဆုံးသော အကျိုးဆက်များဖြင့် ပြည့်နှက်သွားမှာပါ" လို့ ၎င်းက သတိပေးခဲ့ပါတယ်။
အီရန်ကကတော့ အစ္စရေးကို ပြန်ပြီး လက်တုံ့ပြန်မယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်ကတော့ ဒီအပတ်အစောပိုင်းကတည်းက အရှေ့အလယ်ပိုင်းက အမေရိကန် ဝန်ထမ်းတွေကို နိုင်ငံကိုပြန်လာဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး အစ္စရေးက အီရန်ကို တိုက်ခိုက်မယ်ဆိုတာ ကြိုသိနေခဲ့ပါတယ်။ အမေရိကန်ဘက်ကတော့ နျူကလီယကိစ္စနဲ့ပတ်သက်ပြီး အီရန်နဲ့ ဆွေးနွေးနေပါတယ်။ သူတို့ဘက်က နှောင့်နှေးတယ်၊ အခွင့်အရေးတွေပေးထားတယ်။ ၅ကြိမ် ဆွေးနွေးပြီးပြီ။ အခု ၆ကြိမ်မြောက် ဆွေးနွေးဖို့ကြိုးစားနေပါတယ်လို့ ဆိုထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment