ချမ်းအေးသာစံမြို့နယ်တွင် ငလျင်ဘေးဒဏ်ကြောင့် ပျက်ဆီးခဲ့သော အဆောက်အဦရှင်းလင်း​ဖြိုချနေစဥ် ပြိုကျမှု ဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းအေးသာစံမြို့နယ်တွင် ငလျင်ဘေးဒဏ်ကြောင့် ပျက်ဆီးခဲ့သော အဆောက်အဦရှင်းလင်း​ဖြိုချနေစဥ် ပြိုကျမှု ဖြစ်ပွား

 




ချမ်းအေးသာစံ ၊  ဇွန် ၁

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၆*၈၇ လမ်းကြား၊ ၂၆ လမ်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်တွင် ငလျင်ဒဏ်သင့် အဆောက်အဦရှင်းလင်း​ဖြိုချနေစဥ် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ ချမ်းအေးသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှူကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့သည် သွားရောက်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။

ပြိုကျခဲ့သော အုတ်တိုက် (၂) သည် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးဒဏ်သင့်ခဲ့ခြင်းဖြစ်ပြီး ရှင်းလင်းဖြိုချရာမှ အစိပ်အပိုင်းအချို့ ပြိုကျသွားခဲ့ခြင်းဖြစ်ပြီး အလုပ်သမား ၂ ဦး ခြေထောက်ဒဏ်ရာရခဲ့ကာ စိုးရိမ်စရာ မရှိကြောင်း သိရသည်။


ချမ်းမြေ့မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)