ကုလသမဂ္ဂ ရုံးချုပ် ပြောင်းဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး အကြံပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလသမဂ္ဂ ရုံးချုပ် ပြောင်းဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး အကြံပြု


ဇွန် - ၁၀ ( အင်္ဂါနေ့ ) 

ကုလသမဂ္ဂ ဌာနချုပ်ကို နယူးယောက်မှ ရုရှားပင်လယ်နက် ဆိုချီမြို့သို့ ပြောင်းရွှေ့သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က အကြံပြုထားပါတယ်။ ၁၉၄၅ ခုနှစ်တွင် လုံခြုံရေးကောင်စီ (UNSC) နှင့် အထွေထွေညီလာခံ (UNGA) နှစ်ခုလုံးကို စတင်တည်ထောင်ပြီး မကြာမီ ကုလသမဂ္ဂဌာနချုပ်သည် ၁၉၅၁ ခုနှစ်ကတည်းက မန်ဟက်တန်မြို့လယ်တွင် ရှိနေခဲ့တာပါ။ 

“အကောင်းဆုံးအရာက ကုလသမဂ္ဂကို ဆိုချီကို ရွှေ့လိုက်တာပါပဲ” လို့ မော်စကိုတွင် ပြုလုပ်သည့် အနာဂတ် ၂၀၅၀ ဖိုရမ်တွင် လက်ဗရော့ဗ် က တနင်္လာနေ့၌ ပြောကြားခဲ့ပါတယ်။ 

“အဲ့ဒိတုန်းက [ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက်] စတာလင်က ဒါကို အလေးအနက်ထား အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် သူက [အမေရိကန်သမ္မတ ဖရန်ကလင်] ရုစဗဲ့က ပထမဆုံး လောင်းအိုင်လန်၊ အဲဒီနောက် နယူးယောက်ခ်၊ မန်ဟက်တန် မှာပဲ ထားမယ်လို့ ပြောလို့ စတာလင်က လက်လျှော့လိုက်ရတာပါ လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အပြောင်းအလဲလုပ်ဖို့ကလည်း လွန်စွာခက်ခဲလိမ့်မည်ဖြစ်ကြောင်း ၎င်းက အသိအမှတ်ပြုခဲ့ပါတယ်။ 

"အဲ့ဒိအဆောက်အအုံများအားလုံးသည် အိမ်ခြံမြေနှင့် ဝန်ထမ်းပုံစံတွင် နက်ရှိုင်းစွာအမြစ်တွယ်နေပြီဖြစ်လို့ ခက်ခဲဖို့ဖြစ်သွားတာပါ။ အထူးသဖြင့် အမြဲတမ်းစာချုပ်တွေ ချုပ်ဆိုထားတဲ့ ဝန်ထမ်းတွေရဲ့ တိုက်ခန်းတွေ၊ အိမ်တွေနဲ့ ပတ်သက်နေတာပါ။ သူတို့က ဝယ်ထားပြီး ပြီလေ" လို့ ဆိုပါတယ်။ ရုတ်တရက် အပြောင်းအလဲက စိတ်ကူးကြည့်ဖို့တောင် ကြောက်စရာကောင်းလိမ့်မယ်လို့လည်း ဆိုပါတယ်။ 

လက်ဗရော့ဗ် က ဘာဖြစ်လို့ အဲ့ဒိအကြံကို ပြုရတာလဲ ဆိုတော့ ဒေါ်နယ်ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းအတွင်း ၂၀၁၉ ခုနှစ် UNGA အစည်းအဝေးမတိုင်မီ ဝါရှင်တန်မှ အကြီးတန်းရုရှားသံတမန်ကိုယ်စားလှယ်အဖွဲ့အား ဗီဇာငြင်းပယ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။  သံတမန်ရေးရာ အရှုပ်တော်ပုံအပြီးမှာ ၎င်းက စတာလင်ရဲ့ အကြံပြုချက်ကို ရည်ညွှန်းပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)