နေပြည်တော်၊ ဇွန် ၁၀
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ငလျင်ဘေးသင့်ဝန်ထမ်းနှင့် မိသားစုဝင်များနေထိုင်ရေး အဆင်ပြေစေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းနှင့် အိပ်ခန်းနှစ်ခန်းပါ Container House များ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးဝင်းအတွင်း တပ်ဆင်ပြီးစီးမှုနှင့် ရေရရှိရေးစီမံဆောင်ရွက်မှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုစာရင်းစစ်ချုပ်က Container House အဆောက် အအုံများ ခိုင်ခံ့မှုရှိစေရေး၊ ရေမီးရရှိရေး၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ မိလ္လာစနစ်များ စနစ်တကျဖြစ်စေရေး စီစဉ်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment