ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်ရန် Container House များ တပ်ဆင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်ရန် Container House များ တပ်ဆင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇွန် ၁၀

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ငလျင်ဘေးသင့်ဝန်ထမ်းနှင့် မိသားစုဝင်များနေထိုင်ရေး အဆင်ပြေစေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းနှင့် အိပ်ခန်းနှစ်ခန်းပါ Container House များ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးဝင်းအတွင်း တပ်ဆင်ပြီးစီးမှုနှင့် ရေရရှိရေးစီမံဆောင်ရွက်မှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုစာရင်းစစ်ချုပ်က Container House အဆောက် အအုံများ ခိုင်ခံ့မှုရှိစေရေး၊ ရေမီးရရှိရေး၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ မိလ္လာစနစ်များ စနစ်တကျဖြစ်စေရေး စီစဉ်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)