ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ငွေပေးအပ်


နေပြည်တော်၊ ဇွန် ၉

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဦးစီးဌာနများနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများရှိ ဝန်ထမ်းသားသမီးများ ပညာသင် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း ချယ်ရီခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က မိဘများအနေဖြင့် သားသမီးများ ပညာတတ်မြောက်စေရေး၊ ဗလငါးတန်နှင့်ပြည့်ဝသော လူငယ်များဖြစ်စေရေး ရည်မှန်းချက်ထားရှိရမည်ဖြစ်ပြီး ကောင်းမွန်မှန်ကန်သောစိတ်ဓာတ်၊ မှန်ကန်သောလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်သူများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာသင်ယူတတ်မြောက်မှသာ အသိပညာဗဟုသုတပြည့်စုံ၍ အဆိုးအကောင်းကိုဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ပညာရှိမည်ဖြစ်သဖြင့် ပညာကြိုးစားသင်ယူစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များက ကျောင်းသား ကျောင်းသူများကို ပညာသင်ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းသား ကျောင်းသူများကိုယ်စား Grade -11 တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသူတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ ဝန်ထမ်းသားသမီးများဖြစ်သည့် တက္ကသိုလ် တက်ရောက်သူ ၁၃ ဦး၊ အထက်တန်းတက်ရောက်သူ ၃၀၊ အလယ်တန်းတက်ရောက်သူ ၄၁ ဦး၊ မူလတန်း တက်ရောက်သူ ၁၁၄ ဦး စုစုပေါင်း ၁၉၈ ဦးအတွက် ပညာသင်ထောက်ပံ့ငွေကျပ် ၇၃၄၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်ရုံးများတွင်လည်း ဝန်ထမ်းသားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)