ပခုက္ကူ ၊ ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့စရိတ်နှင့် စာရေးကိရိယာများပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် ဝန်ထမ်းသားသမီး ၃၁ ဦးတို့အား ပညာသင်ထောက်ပံ့စရိတ် ငွေကျပ် ၁,၀၂၅,၀၀၀ နှင့် ဗလာစာအုပ် ၃၁ ဒါဇင်၊ ဘောပင် ၄၄ ဒါဇင်၊ ခဲတံ ၂၂ ဒါဇင် စသည့် စာရေးကိရိယာများအား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
https://t.me/MyanmarNationalPost

No comments:
Post a Comment