ဇွန် - ၂၅ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်က အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်လိုက်တာကြောင့် အမေရိကန်အပေါ် ယုံကြည်လို့ မရတော့ဘူး ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ဖူကောင်း က မနေ့ကလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ နောက်ပြီး အမေရိကန်က နိုင်ငံတကာစံနှုန်းများနှင့် ကုလသမဂ္ဂ ပဋိဉာဉ်ကို ချိုးဖောက်ခဲ့တယ်လို့လည်း ရှုတ်ချပြောဆိုခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရတာက နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ ကြီးကြပ်မှုအောက်မှာရှိနေတဲ့ နျူကလီးယား စက်ရုံများကို တိုက်ခိုက်ခြင်းက ကုလသမဂ္ဂ ပဋိညာဉ်ကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ ဂေါင်ကျားကန် ကဆိုပါတယ်။
“အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်နိုင်ဖို့ ဘေဂျင်းဟာ အားလုံးနဲ့ ဆက်သွယ် ပေါင်းစပ်ညှိနှိုင်းမှုတွေကို အားကောင်းအောင် လုပ်ဖို့ ပြင်ဆင်ထားတယ်လို့ ဂေါင် က သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်အပေါ် “မနှိုးဆော်ဘဲ ရန်လိုမှု” လုပ်တာက မျှတမှုမရှိဟု ပြောကြားခဲ့ပါတယ်။ မော်စကိုတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘာအာရက်ချီ နှင့် တွေ့ဆုံစဉ် ပူတင်က အစ္စရေး၏ လုပ်ရပ်သည် တရားမဝင်ဖြစ်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း ဖော်ပြခဲ့ပါတယ်။
ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ကလည်း အဆိုပါ တိုက်ခိုက်မှုကို ဝေဖန်ခဲ့ပြီး တနင်္ဂနွေနေ့က ပို့စ်တစ်ခုတွင် “နိုင်ငံအများစု” က အစ္စရေး-အမေရိကန် စစ်ဆင်ရေးကို ဆန့်ကျင်ဖို့လိုလာပြီ လို့ ရေးတင်ခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment