ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိကျေးရွာများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွင် ကမ်းပါးပြိုကျမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိကျေးရွာများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွင် ကမ်းပါးပြိုကျမှု ကြည့်ရှုစစ်ဆေး




ဟင်္သာတ၊ ဇွန်  ၂၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွင် ကမ်းပါးပြိုကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ်းပြိုကာကွယ်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ အနက် RD 4200 နှင့် RD 4400 အကြားတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျား ၁၂၀ ပေခန့် ကမ်းပါးအိကျမှု ဖြစ်ပေါ်သောနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ ဇွန်လဆန်းတွင် ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့သည့်အခြေအနေများ၊ မြစ်ရေမြင့်တက်ချိန်တွင် ကမ်းထိန်းတမံ၏ အချို့နေရာများတွင် ရေနစ်မြုပ်ခဲ့သည့်အခြေအနေများ၊ မြစ်ရေပြန်လည်ကျဆင်းပြီးနောက် ရေနစ်မြုပ်ခဲ့သည့်နေရာတွင် ကမ်းပါးအိကျမှုနှင့် အောက်ခြေတိုက်စားမှု ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ အရေးပေါ်ကာကွယ်ရေးအဖြစ် Geo Bag အိတ်ကြီးများ ချထားဆောင်ရွက်နေမှုအခြေအနေများနှင့် ရေနည်းကာလ ရောက်ရှိချိန်တွင် မူလပုံစံအတိုင်း ပြန်လည်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။

အဆိုပါ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများကမ်းပြိုကာကွယ်ရေးအတွက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ ဆောင်ရွက်ထားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ရန်ပုံငွေဖြင့် အလျား ၂၁၀၀ ပေ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)