ဇွန် - ၂၅ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ကို တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်အနေနဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို မဟုတ်မမှန်သတင်းများ ဖြန့်ကျက်ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာစီလီ နီဘန်ဇီယား က ပြောလိုက်ပါတယ်။
အင်္ဂါနေ့ကလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗာစီလီ က အီရန်နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်မှု ဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့ ရှုတ်ချခဲ့ပြီး ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှုရဲ့ တကယ့်ခြိမ်းခြောက်မှု ကို ဖန်တီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံမှာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အစီရင်ခံစာများမှာ “နျူ့လက်နက် ပြန့်ပွားမှုအန္တရာယ်များ မရှိဘူး”ဆိုတဲ့ မှတ်ချက်ကို သက်သေအဖြစ် ဗာစီလီက ထုတ်ပြခဲ့ပါတယ်။
"IAEA အစီရင်ခံစာတွေမှာ အီရန်နိုင်ငံက နျူကလီးယားသိုလှောင်ရုံများကို မကြေငြာရသေးတာ မရှိပါဘူး။ နောက်ပြီးတော့ စစ်ရေးရည်ရွယ်ချက်များအတွက် ပြောင်းလဲခြင်းအကြောင်းနဲ့ပတ်သက်ပြီးတော့လည်း ဖော်ပြထားခြင်းမရှိဘူးဆိုတာကို ကျနော်တို့ အလေးပေးပြောကြားလိုပါတယ်" လို့ ဗာစီလီက ဆိုပါတယ်။ အီရန်အပေါ် တိုက်ခိုက်မှုသည် “ကုလသမဂ္ဂ ပဋိဉာဉ်၏ ဘောင်အပြင်ဘက်တွင် အင်အားအသုံးပြုမှုကို တရားဝင်အောင် ကြိုးပမ်းမှုလုပ်တာပါ”လို့ ဆိုပါသေးတယ်။
IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေးမာရီယာနို ဂရော့စီ က ပြီးခဲ့သည့်အပတ် Sky News နဲ့ အင်တာဗျူးမှာ အီရန်နိုင်ငံက “နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် စနစ်တကျ ကြိုးပမ်းမှု” တစ်စုံတစ်ရာ အထောက်အထား မရှိဟု ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ ယူရေနီယံ သန့်စင်မှု ၆၀ % နှင့်ပတ်သက်ပြီး အေဂျင်စီတွင် စိုးရိမ်စရာအချက်များ ရှိနေကြောင်း ကိုလည်း ပြောခဲ့ပါတယ်။
စစ်ရေးနျူကလီးယား အစီအစဉ် မရှိကြောင်း ငြင်းဆိုထားသည့် အီရန်က အဆိုပါ တိုက်ခိုက်မှုကို ရန်လိုသည့် လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ပြီး IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်ရန် အစီအစဉ်များကို ကြေညာခဲ့ ပါတယ်။ အီရန်နှင့် အစ္စရေးတို့ကြား အမေရိကန် ကြားဝင်စေ့စပ်ထားသည့် အပစ်အခတ်ရပ်စဲရေးသည် အင်္ဂါနေ့တွင် စတင်အသက်ဝင်ခဲ့ပြီး ယခုအချိန်အထိ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment