ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း


ဘားအံ၊ ဇွန် ၁၈

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း(ဘားအံ)၊ ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းသည့် အခမ်းအနားကို ယမန်နေ့က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံသူ၊နိုင်ငံသားများအတွက် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရာတွင် ရင်းနှီးမြှုပ်နှံမှုများစွာကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် စိုက်ထုတ် ဆောင်ရွက်လျက်ရှိပြီး ဒေသအသီးသီးမှ တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများအပေါ် လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းခံရပြီးနောက် သူနာပြုနှင့် သားဖွားသင်တန်းသား၊သင်တန်းသူများ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ပြုမူနေထိုင်ပြီး သူနာပြုနှင့် သားဖွားအတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူသွားကြရန်နှင့် အရည်အသွေး ပြည့်ဝသည့်အရည် အချင်းရှိသော သူနာပြုများဖြစ်ရန် ဆက်လက်ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ) ကျောင်းအုပ်ဆရာမကြီးက ဂျူတီကုတ် ဝတ်ဆင်ခြင်း၊ ဦးဆောင်းအပ်နှင်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ပထမနှစ် သင်တန်းသား၊သင်တန်းသူ(၇၉)ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းချီးမြှင့်ခဲ့ကြကာ ပထမနှစ်သူနာပြု- သားဖွားဒီပလိုမာ သင်တန်းသား/ သူများက သူနာပြုသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သူနာပြု-သားဖွားဒီပလိုမာသင်တန်း တတိယနှစ် (အကြီးတန်း)နှင့် တတိယနှစ် (အငယ်တန်း)၊ အငယ်တန်း၊ ဒုတိယနှစ်သင်တန်း၊ ပထမနှစ်သင်တန်းတို့တွင် သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား၊သင်တန်းသူများက ကရုဏာအလင်း တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)